Part (2) Unicode

719 49 7
                                    

Oct 30 ရက်နေ့မနက်စောစောတွင် Novotal Hotel ၏ စတုတ္ထထပ်တွင် မကဗျာခြွေ၏ ၁၈ နှစ်ပြည့်မွေးနေ့မင်္ဂလာဟူသည့် စာတန်းအား လှပစွာ ပုံဖော်ထားသည်။ တစ်ထပ်လုံးတွင် ကဗျာအကြိုက်ဆုံးနှင်းဆီပန်းအဖြူရောင်များဖြင့်အလှဆင်ထားသည်။ အခမ်းအနား ပြင်ဆင်မှုများလည်း အထက်တန်းကျကျဖြင့် လှပထည်ဝါစွာ ပြင်ဆင်ထားသည်။ မွေးနေ့ပွဲသည် လူငယ်များအကြိုက်ပြင်ဆင်ထားသည်။ ဂျပန်စာအား ဘူဖေးပြင်ဆင်ထားသဖြင်​့ ကြိုက်နှစ်သက်ရာ စားနိုင်သည်။

အနဲငယ်လူစုံနေပြီဖြစ်သောကြောင့် လင်းထိန်နေသည် မီးအား အမှောင်ချလျက် အခန်း၏ တံခါးသို့ မီးရောင်မှိန်ပြပြလေးသာ ထွန်းထားသည်။ မီးရောင်မှိန်ပြပြအောက်တွင် အနီရောင် လက်တစ်လုံးကြိုးပျက် ဂါဝန်လေးအား လှပစွာ ဝတ်ဆင်ထားပြီး ဖုံးကွယ်ထားခြင်းမရှိသည့် လည်ပင်းသားညှပ်ရိုးထက်တွင် အနီရောင် ပတ္တမြားလည်ဆွဲအားလှပစွာဆင်ယင်ထားသည်။

ထင်ပေါ်နေသော နားထက်တွင် ပတ္တမြားနားဆွဲသေးသေးလေးဆွဲထားကာ ခါးအထိရှည်လျားသည့် ဆံနွယ်ထက်တွင် သရဖူဆောင်းထား​ေသာ မွေးနေ့ရှင်ဖြစ်သည်​့ကဗျာသည် မီးရောင်အောက်တွင် တဖျက်ဖျက်လက်ကာ နတ်သမီးသမျှ လှပနေသည်။ သွယ်လျသည့် လက်ချောင်းထက်တွင် ေငွမှင်ရောင်လက်စွပ်စွပ်ထားကာ စီးထားသော ဒေါက်ဖိနပ်သည် ရှည်လျားသည့်အရပ်အား ပံ့ပိုးပေးထားသည်။

တံခါးဝမှ စင်ပေါ်တတ်သည်အထိ ယုံကြည်မှုရှိရှိဖြင့် လျှောက်လမ်းသွားသောသူမ၏ အလှသည် ပုရိသအပေါင်းအား ဆွဲဆောင်ထား၏။ သူမ စင်ပေါ်ရောက်မှသာ မှိတ်ထားသည့်မီးများပြန်လင်းလာခဲ့သည်။

"ကဗျာရဲ့မွေးနေ့ပွဲကို တတ်ရောက်ပေးတဲ့အတွက် အာလုံးကိုကျေးဇူးတင်ပါတယ် ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်စားသောက်ကြပါ"

စားသောက်ပွဲ ကြီးသည် တစ်နေကုန် ကျင်းပသည်။ ကြိုက်သည့် စားစရာအား စားနိုင်သလို ကြိုက်နှစ်သက်ရာ အရက်အားလည်း သောက်သုံးနိုင်သည်။ စားသောက်ပွဲ ကျင်းပပြီး အချိန်ခနအကြာတွင် သူမ၏ လက်တွဲဖော်နှင့် မိတ်ဆက်ပေးရန် ဆုံးဖြတ်လိုက်ကာ စင်ပေါ်သို့ပြန်တက်လိုက်သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Kde žijí příběhy. Začni objevovat