1 Uni

2.9K 100 0
                                    

မီးဖိုခန်းတစ်ခန်းတွင်ချက်ပြုတ်နေသောလူတစ်ယောက်။ထိုချက်ပြုတ်နေသောသူကိူအနီးနားရှိစားပွဲတွင်ထိုင်၍ကြည့်ကြည့်နေသောလူတစ်ယောက်လဲရှိလေသည်။သေချာသည်ကတော့ထိုလူ၏မျက်လုံးများသည်ပျော်ရွှင်နေသည်တော့မဟုတ်။ ထိုလူလည်းစားပွဲမှထပြီးချက်ပြုတ်သည့်နေရာတွင်သွားပြီး......

" မောင်..လက်ထပ်ရတော့မယ်လှိုင်း.."

ထို့နောက်လှိုင်းဆိုသောလူ၏ချက်ပြုတ်နေသောလက်များရပ်တန့်သွားပြီးနောက်..တချက်မျှငြိမ်ပြီး ပုံမှန်တိုင်လှုပ်ရှားသွားသည်။

" မောင်ပြောတာကြားလားလှိုင်း...ေမာင့်အိမ်က သက်လွှာမေနဲ့ပေးစားဖို့လုပ်နေပြီ။ "

" ငါဘာပြောရမှာလဲမောင်...."

ထို့နောက်မောင်ဆိုသောသူသည်စိတ်ဆိုးသွားပြီးလှိုင်း၏ပခုံးကိုမျက်နှာချင်းဆိုင်လှည့်လိုက်သည်။ လှိုင်း၏မျက်နှာသည်ပကတိတည်ငြိမ်နေသည်။ ထိုအရာကိူမြင်သွားပြီး.....

" လှိုင်း...ဘာမှမဖြစ်ဘူးလားဟင်.....ကျွန်​ေတာ့ကိုဆွဲထားရမှာမဟုတ်ဘူးလား ....ဟမ်လှိုင်း...မောင့်ကိုတခုခုတော့ပြောပါကွာ..."

" မောင်သူ့ကိုလက်ခံလိုက်ပါ....."

" ဘာ! ခင်များဘာပြောလိူက်တာလဲလှိုင်း..!ပြန်ပြောလိုက်စမ်း...! "

" မောင်သူ့ကိုလက်ခံလိုက်ပါမောင်....ပြီးတော့ငါတို့လမ်းခွဲ ကြရအောင်....."

" စောက်ရေးမပါတာတေမပြောနဲ့လှိုင်း.!ခင်များကိုကျွန်တော်ချစ်ခဲ့တာတသက်လုံးတွက်.... လှိုင်း...မောင်တို့ထွက်ပြေးကြရအောင်လေ.... နော်..."

" မရူးစမ်းနဲ့နေမင်းမောင်! မင်းကအကုန်လုံးကိုထားပြီးထွက်ပြေးနိုင်ပေမယ့်ငါကတော့မသွားနိုင်ဘူး....."

လှိုင်းပြောလိုက်သောစကားကြောင့်နေမင်းမောင်ပြောစရာစကားပျောက်သွားရတော့သည်။လှိုင်းဘာလို့ဒီလိုပြောရတာလဲ...လှိုင်းမောင့်ကိုချစ်တယ်ဆိုရင်အကုန်လုံးကိုထားပြီးထွက်ပြေးနိုင်ရမှာပေါ့....လှိုင်းမောင့်ကိုတကယ်ကောချစ်ခဲ့ရဲ့လားလှိုင်းရယ်....။
ထိုစကားများကိုစိတ်ထဲတွင်ပြောလိုက်ပြီးအပြင်တွင်တော့စကားများပြောမထွက်ခဲ့....သို့သော်မျက်ရည်များကတော့ထိန်းမရတော့ဘဲတာကျိုးသလိုကျတော့သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now