"လှိုင်း..ဒီနေ့တော့လွမ်းနဲ့အိပ်လိုက်နော်...မောင်ကိုယုံတယ်မလား.."
"အင်း.."
"ကိစ္စတေပြီးပြတ်တော့မှာပါ..."
နေမင်းမောင်လှိုင်းကိုရင်ခွင်ထဲဖက်ကာခေါင်းလေးကိုအနမ်းခြွေလိုက်သည်။
"သွားတော့မောင်...."
"အင်း..."
နေမင်းမောင်လှိုင်းကိုနှုတ်ဆက်ကာသက်လွှာရှိရာကိုလာလိုက်သည်။ဆိုင်တစ်ဆိုင်မှာချိန်းထားတာကြောင့်နေမင်းမောင်သွားလိုက်သည်။သက်လွှာကသူ့ကိုတွေ့သည်နှင့်ထပြီးပြုံးပြသည်။နေမင်းမောင်လဲသက်လွှာမျက်နှာချင်းဆိုင်မှာထိုင်ကာ....
"သက်လွှာ...ဘာကိစ္စရှိလို့လဲ..."
"ဟင်...သက်လွှာတို့က ကိစ္စရှိမှခေါ်ရမယ့်သူတေလား"
သက်လွှာကနှုတ်ခမ်းဆူကာပြောတာကြောင့်နေမင်းမောင်စိတ်ထဲရွံသွားမိပေမယ့်....
"မဟုတ်ပါဘူး...ကိုယ်ကအရေးကြီးကိစ္စရှိတယ်ထင်နေတာ..."
"ဟုတ်တယ်...ဒီနေ့ည club သွားမယ်...အဲ့တာကိုလိုက်ခဲ့ရမယ်..."
"ဟင်...ဘာလို့လဲ.."
"သွားချင်လို့လေကိုနဲ့..သွားရအောင်နော်..."
နေမင်းမောင်ခေါင်းငြိမ့်ပြနော့ကျေနပ်နေတဲ့မျက်နှာနဲ့ကြည့်လာသည်။
At Club. ...
နေမင်းမောင် Club ရောက်တော့တစ်နေရာရာမှာဝင်ထိုင်လိုက်ကာ....
"အကိုတို့ကိုဝိုင်ဘဲပေးပါ...."
"ဟင်...ဝိုင်ဘဲလား..တစ်ခုခုမှာပါအုံးလား.."
"မမှာတော့ပါဘူး...တော်ကြာမူးနေမှာစိုးလို့..."
"မူးပါစေကိုရဲ့....သက်လွှာလဲပါတာကို..."
သူ့ရင်ခွင်ထဲဝင်တော့မတတ်နေပြီးချွဲနေသည်။သူ့ကိုကြောက်လို့မူးအောင်မသောက်တာကတော့မပြောလိုက်....
အချိန်တစ်ခုကြာတဲ့ထိသောက်ပြီးသက်လွှာကိုကြည့်လိုက်တော့ရီဝေဝေဖြစ်နေပြီဖြစ်သည်။
![](https://img.wattpad.com/cover/304990937-288-k722282.jpg)