5 Uni + Zawgyi

969 48 0
                                    


       နှစ်တေလတေပြောင်းပြီးလှိုင်းနဲ့နေမင်းမောင်တို့သိလာခဲ့တာ၁​နှစ်ပြည့်တော့မည်။ဒီတောတွင်းလှိုင်းဘာကြိုက်လဲဘာကိုမကြိုက်တာလဲဆိုတာနေမင်းမောင်အားလုံးသိခဲ့သည်။လှိုင်းမေမေနဲ့လည်းအတော်ကိုရင်းနှီးနေပြီဖြစ်သည်။တခါတလေကွန်ဒိုတောင်မပြန်ဘဲလှိုင်းတို့အိမ်တွင်အိပ်ဖြစ်သည့်နေတေကလည်းရှိသည်။ကွန်ဒိုတောင်သိပ်မအိပ်ဖြစ်တော့။

       နေမင်းမောင် ဒယ်ဒီတို့ကိုပြောထားတဲ့နေမင်းမောင်ရဲ့ချစ်ရတဲ့သူတနည်းအားဖြင့်ရည်ရွယ်ထားတဲ့သူနဲ့လဲတွေ့ရှိပြီဖြစ်သည်။ထိုသူကတော့တခြားသူမဟုတ်လှိုင်းဖြစ်သည်။ဒယ်ဒီတို့မာမီတို့ကတော့အခုထိသက်လွှာနဲ့လက်မလျော့သေးပါ။သက်လွှယလည်းနေမင်းမောင်နားတနည်းမဟုတ်တနည်းနဲ့အမြဲကပ်နေပေမယ့်နေမင်းမောင်ကတေယ့မိတ်ဆွေအဆင့်ကနေမတက်ချင်ပါ။

      ဒီနေ့ကတော့နေမင်းမောင်လှိုင်းတို့အိမ်သွားဖို့မနက်အစောကြီးပြင်ဆင်နေသည်။ဘာလို့ဆိုဒီနေ့နေမင်းမောင်ရဲ့လူကြီးကလေးရဲ့၂၉ နှစ်ပြည့်မွေးနေ့ဆိုလို့သွားရမည်။မလာရင်စိတ်ကောက်မည်ဟုဆိုသောကြောင့်နေမင်းမောင်ချစ်ရတဲ့သူကိုရွှေစိတ်တော်မငြိုးစေချင်ပါ။အခုတလောနေမင်းမောင်ကိူလှိုင်းကနိုင်စားလာသည်။ထို့ကြောင့်နေမင်းမောင်လဲလှိုင်းကိုကြောက်ရပါသည်။

     အတွေးတေကိုရပ်ပြီးလှိုင်းတို့အိမ်သို့........
လှိုင်းတို့အိမ်ရောက်တော့လှိုင်းမေမေကို...

       " အန်တီ....လှိုင်းကော...."ဆိုပြီးမေးလိုက်တော့...

       " အယ်...သားလေးလာပြီလား...သားအကိုကအပေါ်မှာဘုရားရှိခိုးနေတယ်...ထင်တယ်...တက်သွားလိုက်လေ...""

      လှုင်းအမေကိုနှုတ်ဆက်ပြီးလှိုင်းရှိရာအပေါ်သို့တက်ခဲ့လိုက်သည်။ဘုရားခန်းရှေ့ရောက်တော့ တခါးလေးကိုအသာဟပြီးအထဲကိုကြည့်လိုက်တော့ဘုရားရှိခိုးနေတဲ့ပုံရိပ်လေးကိုတွေ့လိုက်ရတယ်။အကျီစတစ်အဖြူနဲ့ပုဆိုးအပြာရောင်လေးနဲ့တွဲဝတ်ထားတဲ့လူကြီးလေးကိုတွေ့လိုက်ရသည်။နောက်ကျောကနေကြည့်ရင်တောင်ချစ်စရာကောင်းသည်။ထို့နောက်ဘုရားရှိခိုးနေသောလှိုင်းနားကိုသွားလိုက်တော့ မျက်လုံးကိုမှိတ်၍ပါးစပ်ကလည်းပွစိပွစိနှင့်ဘုရားစာရွတ်နေသည်ထင်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now