"မောင်... ဒီနေ့သားသားကိုကစားကွင်းပို့ရအောင်နော်..."လှိုင်းသားကိုထမင်းကျွေးနေရင်းရှေ့ကထမင်းစားနေတဲ့မောင့်ကိုပြောလိုက်သည်။
"ကိုနေ...ဒီနေ့သက်လွှာကို shopping. လိုက်ပို့ပေးမယ်ဆို...."
သက်လွှာရဲ့ချွဲပြီးပြောတဲ့အပြောကြောင့်နေမင်းမောင်စားနေတဲ့ထမင်းတောင်ပြန်ထွက်မလိုဖြစ်သွားသည်။သို့ပေမယ့်အပြင်မှာတော့....
"အာ...ဟုတ်တယ်လှိုင်းရဲ့...မောင်သက်လွှာကိုလိုက်ပို့ပေးမယ်လို့ပြောထားတယ်...သားကဘယ်ချိန်သွားသွားရပါတယ်...သက်လွှာကရုံးပိတ်ရက်မှသွားရတာဆိုတော့...."
"ဒါမယ့်လှိုင်းလဲဆိုင်ပိတ်မှသွားရတာလေ..."လှိုင်းကမျက်နှာငယ်လေးနဲ့ပြောလိုက်သောကြောင့်နေမင်းမောင်ရီချင်တာကိုမနဲထိန်းထားရသည်။
"အင်းနောက်အပတ်ပေါ့ကွာ...ခုကသက်လွှာကိုလိုက်ပို့လိုက်အုံးမယ်..."
"Daddy တားတားကချားကွင်းသွားချင်ရယ်..."
သားအပြောကြောင့်နေမင်းမောင်စိတ်ထဲမကောင်းဖြစ်သွားသည်။ဒါပေမယ့်လဲသူတို့အစီစဥ်ကိုသိလို့မဖြစ်....
"Daddy. နောက်ကျရင်လိုက်ပို့မယ်လေနော်...သားသားလေးကလိမ်မာပါတယ်..."
ဟွန့်
နေမင်းမောင်ပြောလဲပြောပြီးရောသားသားကဟွန့်ခနဲလုပ်ကာနှုတ်ခမ်းဆူပြီးမျက်နှာလွှဲသွားသည်။နေမင်းမောင်သားအပြုမူကိုရီလိုက်ကာလှိုင်းကိုကြည့်ပြီးမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"ကိုနေ..သွားရအောင်...သက်လွှာသွားချင်နေပြီ...ဒီနေ့ကိုနေနဲ့အချိန်တေကုန်ဆုံးချင်တယ်..."
ဆိုကာမောင့်လက်မောင်းကိုချိတ်ကာထွက်သွားသောသက်လွှာကိုကြည့်ပြီးလှိုင်းစိတ်ထဲဝမ်းနည်းမှုလေးဖြတ်သွားပေမယ့်မောင်ကအိမ်ရှေ့ကနေပြေးလာပြီး..."နမ်းပါအုံး...ပြွတ်...၁၀နါရီကျရင်သွားမယ်ပြင်ထားနော်.သားသား ကောဘဲ...မွ..မွ..."