18 Uni+ Zawgyi

1.1K 60 8
                                    

နေမင်းမောင်ဝန်ထမ်းတေကိုပြောစရာရှိတာပြောပြီးတာနဲ့ရုံးခန်းထဲဝင်ကာကုလားထိုင်ပေါ်မှီကာမျက်လုံးကိုမှိတ်ထားလိုက်သည်။ပြီးနောက်အကျီထဲကဖုန်းကိုထုတ်ကာကြည့်လိုက်တော့ဖုန်း wallpaper. မှာနေရာယူထားတဲ့ကောင်လေးတစ်ယောက်....သူကတော့လှိုင်း...ဘုရားသွားတဲ့နေ့တုန်းက ကားပေါ်မှာအိပ်နေတုန်းရိုက်ထားတဲ့ပုံလေး...ဖုန်းမျက်နှာပြင်ပေါ်ကပုံလေးကိုနမ်းလိုက်ပြီး...

    "ဘယ်ချိန်ထိမောင့်ကိုပုန်းနေအုံးမှာလဲလှိုင်း..."

      နေမင်းမောင်လှိုင်းထွက်သွားသည့်နေ့ထဲကကုမ္ပဏီတောင်မသွားနိုင်လှိုင်ူးကိုအသည်းသန်လိုက်ရှာပေမယ့်ချစ်ရသူလေးကအပုန်းကောင်းတာကြောင့်ဘယ်လိုမှရှာမတွေ့ခဲ့။ကုမ္ပဏီမသွားနိုင်မစားနိုင်မသောက်နိုင်လှိုင်းအိမ်မှာဘဲနေနေတာကြောင့်မာမီနှင့်စကားများရတာလဲခနခန။တစ်နေ့မာမီနဲ့ဒယ်ဒီတို့ပြောစရာရှိလို့နေမင်းမောင်တို့ပိုင်တဲ့ထဲကဟိုတယ်တစ်ခုဆီလာဖို့ပြောလို့သွားလိုက်ပေမယ့်အချိန်မမှီခဲ့...ဟိုတယ်ရှေ့တွင်ဆေးရုံကားများနှင့်လူတစ်စုစုနေတာကြောင့်သွားကြည့်လိုက်တော့တစ်ကိုယ်လုံးသွေးတေပေနေတဲ့မာမီနဲ့ဒယ်ဒီ....မာမီကတော့ခွဲစိတ်ခန်းထဲမှာပင်ဆုံးသွားပြီး...ဒယ်ဒီကတော့ကိုမာဝင်နေတာခုထိပင်။ဒယ်ဒီတို့တိုက်ခံရတဲ့ကားကိုစုံစမ်းပြီးတရားခံကိုရှာတော့လူစိမ်းတစ်ယောက်ဖြစ်ပြီးနေမင်းမောင်တို့နှင့်ရန်ငြိုးရှိမည်မထင်။သို့ပေမယ့်ထိုလူ့ကိုကြည့်ရတာတစ်ခုခုကိုစိတ်ကထင့်နေတာကြောင့်ထောင်ထဲကမထွက်မချင်းစောသ့်ကြည်ထြားရသည်။သူလည်းထောင်ထွက်ပြီးဒယ်ဒီပြန်နိုးလာမှအကြောင်းရင်းမျိုးစုံသိရမည်။

     နောက်ပိုင်းဒယ်ဒီ့ကိုဆေးကုပေးဖို့ US ကိုခေါ်သွားကာသူလည်းဒီမှာအားလုံးစောင့်ကြည့်ဖို့လူလွှတ်ထားခဲ့သည်။လှိုင်းကိုတော့အဓိကပေါ့...။ကုမ္ပဏီကိုတော့နက္ခတ်နဲ့ထားခဲ့သည်။US ရောက်ပြီးညတိုင်း..နေ့တိုင်းဖုန်းဆက်မေးခဲ့သည်။ဖြစ်နိုင်ရင်ကိုယ်တိုင်ရှာချင်ပေမယ့်ဒယ်ဒီ့ကိုစိတ်မချရပြန်ဘူး။   ထို့ကြောင့်ဒီကနေသာအခြေနေစောင့်ကြည့်ရသည်။ဒယ်ဒီတို့ကိစ္စတေဖြစ်သွားလို့သက်လွှာနဲ့လည်းလင်မထပ်ဖြစ်ခဲ့။သက်လွှာရဲ့မိဘတေကိုတောင်းပန်ကာပင်လက်ထပ်ပွဲကိုကိုယ့်ဘက်ကသာဖျက်သိမ်းခဲ့လိုက်သည်။
အခုဒယ်ဒီ့ကို US မှာ သူနာပြုငှားကာ...ကုမ္ပဏီကိုပြန်လာအုပ်ချုပ်ရသည်။လှိုင်းကိုလဲရှာရင်းပေါ့.....ဒီအတော်တွင်းသူတော်တော်ကိုပင်ပန်းခဲ့သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now