21Uni + Zawgyi

1K 51 2
                                    


      နေလှိုင်းဆိုတဲ့ကော်ဖီဆိုင်တွင်းတွင်ထိုင်နေသောလူနှစ်ယောက်။ည၇နာရီထိုးပြီဖြစ်ပေမယ့်ဆိုင်မှာလူတစ်ယောက်မှမရှိဘဲသူတို့နှစ်ယောက်သာရှိသည်။

      "လှိုင်း...မောင့်ကိုပြောစရာရှိတယ်ဆို..."

    "မင်းတကယ်ဘဲငါတို့ကိုခေါ်ချင်တာလား.."

    "အင်း...လှိုင်းသာမောင့်ဆီကိုပြန်လှမ်းလာခဲ့လိုက်...မောင်လှိုင်းကိုရောသားကိုရောစိတ်မပျက်အောင်ထားမှာ...ပြီးတော့မောင်လှိုင်းကိုလက်ထပ်မယ်...မောင်နဲ့လှိုင်းနဲ့သားလေးနဲ့..ပျော်စရာမိသားစုလေးဖန်တီးချင်တယ်...လှိုင်းခွင့်ပြုမယ်မလား..."

     မောင့်စိတ်ကူးတေကြောင်လှိုင်းပြုံးလိုက်ကာ....

       "မင်းသိလား...ငါလေမင်းကိုဆုံးရှုံးရမှာအရမ်းကိုကြောက်ခဲ့တာ...ဒါမယ့်လဲဆုံးရှုံးရမှာကြောက်တဲ့ငါကကိုယ်တိုင်ထားခဲ့ရတာဘဲ...ငါအရမ်းကြောက်ခဲ့တာမင်းမရှိဘဲနေ့ရက်တေကိုငါဘယ်လိုဖြတ်သန်းရမလဲဆိုပြီး....ငါအရမ်းလဲကြောက်ခဲ့တာ...ငါကမင်းတွက်အနှောင့်ယှက်ဖြစ်မှာကို...ငါမောင့်ကိုချစ်ပေမယ့်...မောင်ငါ့ကြောင့်လူတေကြားထဲအရှက်ရစေမှာကိုကြောက်တာ...ငါမောင့်ကိုချစ်ပေမယ့်..."

      နေမင်းမောင်လှိုင်းနားသွားပြီးဒူးထောက်ကာလှိုင်းလက်နှစ်ဖက်ကိုကိုင်ကာပါးနားအပ်ထားကာ.....

     "မောင့်တွက်ကလှိုင်းဘဲလိုအပ်တယ်...မောက်မပြောခဲ့ဘူးလား..ဘာမှမလိုချင်ပါဘူးလို့...လှိုင်းကိုယ့်တွက်ဘဲကိုယ်တစ်ခါလောက်ကြည့်ကြည့်ပါ...လှိုင်းလဲအချစ်ခံဖို့ထိုက်တန်ပါတယ်...ထိုက်တန်တာထက်ပိုအောင်မောင်ကချစ်ပေးပါ့မယ်..မောင့်ကိုပြန်လက်ခံပေးပါနော်..."

      "မင်းငါ့ကိုကာကွယ်ပေးနိုင်လား..."

      "အင်း..."ဆိုပြီးခေါင်းကိုပြုတ်မတက်ငြိမ့်သည်။

       "ငါ့ကိုတစ်သက်လုံးစောင့်ရှောက်ပေးနိုင်လား..."

   
      "အင်း..."

     ဒီတစ်ကြိမ်လဲခနကအခေါက်လိုပင်ခေါင်းကိုငြိမိ့သည်။

      "ငါမောင့်ကိုချစ်တယ်..ငါ့ကိုစောင့်ရှောက်ပေးပါမောင်"ဆိုပြီးလှိုင်းမောင့်ကိုဖက်လိုက်တော့....

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now