အချိန်တေအလီလီပြောင်းလဲသွားပြီးလှိုင်းမေမေဆုံးတာ၃လပြည့်သလိုလှိုင်းနဲ့မောင်နဲ့ချစ်သူဖြစ်တာလဲ၃လပြည့်ခဲ့ပြီ။မေမေဆုံးပြီးတာနဲ့မောင်ကစိတ်မချဘူးဆိုပြီးအိမ်မှာလာနေသည်။စာအုပ်ဆိုင်ကိုတော့လှိုင်းကဘဲထိုင်ပြီးမောင်ကတော့ကုမ္ပဏီကိုသာအသွားအပြန်လုပ်သည်။ခုဆိုလှိုင်းဆိုင်လဲလူသိများနေပြီဖြစ်သည်။ဖောက်သည်လဲများလာပြီးအရင်လိုဘဲအနေရမခက်တော့ပေ။မောင်ကတော့လှိုင်းကိုဂရုလည်းစိုက်သည်။နေ့စဥ်နေ့တိုင်းလဲချစ်ကြောင်းပြောသည်။မောင်ချစ်တယ်လို့ပြောရင်သာလှိုင်းကတော့မနက်ဖျန်တိုင်းတွက်ဖြတ်သန်းဖို့အဆင်သင့်ဖြစ်နေသည်။
လှိုင်းဆိုင်ကစောစောသိမ်းတဲ့တွက်ညစာချက်နေလိုက်သည်။
တီ....
ဟော...မောင်ပြန်လာပြီ..
လှိုင်းသွားကြိုလိုက်တော့ပြုံးပြတာကြောင့်မောင့်အိတ်ကိုသွားယူကာလက်ဆွဲဖို့လုပ်တော့မောင်ကသူ့ရင်ခွင်ထဲကိုဆွဲလိုက်သည်။
"မောင့်အမောပြေလေး..."
"ဟာ...မောင့်...ငါ့ကိုယ်ကဟင်းနံ့တေပေနေတယ်..."
"ရပါတယ်...လှိုင်းရဲ့...မောင်ကလှိုင်းရဲ့အကုန်လုံးကိုမြတ်နိုးတာလေ...ခင်ဗျားလေးကိုယ်ပေါ်မှာရှိတဲ့ဟင်နံ့ကတော့ပါမွှားလေးပါ..."
"အပြောကတော့ရွှေမန်းဘဲ..."
နေမင်းမောင်ခပ်ဟ ဟရီလိုက်ပြီးလှိုင်းပုခံုးပေါ်လက်တင်ပြီးအိမ်ထဲသို့ဝင်လိုက်သည်။
"ကဲ...မောင်သွား..ရေသွားချိုးပြီးရင်ထမင်းပြင်ထားမယ်...စားရအောင်
..""ok ဗျာ.."
မောင်အပေါ်တက်သွားတော့လှိုင်းလဲမီးဖိုထဲသွားပြီးမောင့်တွက်ထမင်းပြင်ပေးနေစဥ်....
တီ...တီ...တီ...
လှိုင်းဖုန်းကထင်လို့သွားကြည့်လိုက်တော့မဟုတ်...ဧည့်ခန်းဘက်ကိုရှာလိုက်တော့စားပွဲပေါ်တင်ထားတဲ့မောင့်ဖုန်း...ဖုန်းအသံကိုတောင်တူတူထားထားတဲ့မောင့်ကြောင့်လှိုင်းခေါင်းရမ်းလိုက်သည်။
![](https://img.wattpad.com/cover/304990937-288-k722282.jpg)