" မောင်လှိုင်းကို...ချစ်တယ်..."
ဆိုပြီးနေမင်းမောင်ပါးကိုနမ်းလိုက်သည်နှင့်တပြိုင်နက်အတွန်းခံလိုက်ရသည်။လှိုင်းကိုကြည့်တော့အံသြခြင်းများစွာနဲ့။"ဘာလို့လဲ.... လှိုင်း..လှိုင်းအံသြပြီးစိတ်ဆိုးသွားမယ်ဆိုတာကျွန်တော်နားလည်ပါတယ်။ဒါမယ့်လှိုင်းကိုကျွန်တော်တကယ်ချစ်တာပါ။ ကျွန်တော့်ရင်ခုန်သံကလည်းလှိုင်းကြောင့်ဖြစ်လာသလိုနောင်လဲလှိုငိးကြောင့်ဘဲဖြစ်လာမှာမို့ယုံကြည်ပေးပါနော်။"
လှိုငိးကိုကြည့်တော့ဘာမှမပြောဘဲသူ့ကိုသာကြည့်နေသည်။
လှိုင်းပျော်တာပေါ့...ကိုယ်ချစ်ရတဲ့သူကဖွင့်ပြောတာကို...ဒါမယ့်တစက်ထဲမှာဘဲရင်ဘတ်ကနာလာတယ်။သူနဲ့ကိုယ်နဲ့ကမဖြစ်နိုင်ဘူး....သူကအသိုင်းဝိုင်းကြီးထဲကတစ်ယောက်....ကိုယ်နဲ့မိတ်ဆွေဖြစ်တာကိုပင်တော်လှပြီ...ချစ်သူအဆင့်ထိဆို...ဟင့်အင်းသူမျကနှာငယ်ရမှာ...ကိုယ့်လိုရောဂါဖြစ်နေတဲ့သူကသူနဲ့ရေရှည်မဖြစ်နိုင်ဘူး...သူလဲစိတ်ချမ်းသာနိုင်မှာမဟုတ်ဘူး.....
နေမင်းမောင်ကိုကြည့်လိုက်တော့မျှော်လင့်ချက်အပြည့်နဲ့သူ့ကိုကြည့်နေသည်။
" ပြန်ရအောင်...." ငိုချင်တာကိုထိန်းပြီးပြောလိုက်သည်။
"ဟင်..."
"ပြန်ရအောင်နေမင်းမောင်..ငါပင်ပန်းနေပြီ...."
"မဟုတ်ဘူးလေ..လှိုငိးကျွန်တော့်ကိုစိတ်ဆိုးသွားတာလား..ဟင်...ကျွန်ေတာ်လှိုင်းကိုစနေတာမဟုတ်ပါဘူး..."
"ငါပြန်ချင်တယ်..."
နောက်ဆုံးပြောလို့မရတဲ့အဆုံးလက်ခံပြီးအိမ်ပြန်လာခဲ့လိုက်သည်။ကိတ်မုန့်လဲမဝယ်ဖြစ်တော့ဘဲအိမ်ရောက်တော့မေမေ့ကိုသာလှိုင်းကန်တော့လိုက်တော့သည်။နေမင်းမောင်ကတော့မေမေ့ကိုနှုတ်ဆက်ပြီးလှိုင်းကိုတကြည့်ကြည့်နှင့်ပြန်သွားသည်။နေမင်းမောင်ပြန်သွားတော့လှိုင်းအိမ်ပေါ်တက်လာခဲ့သည်။အခန်းထဲရောက်တော့တံခါးကိုပိတ်ပြီးခုနကအားတင်းထားသမျှတခါးကိုမှီပြီးအားလျော့စွာထိုင်ချလိုက်သည်။
![](https://img.wattpad.com/cover/304990937-288-k722282.jpg)