"ကဲ..မောင်...ပြန်တော့.."
တခါးဖွင့်ပြီးထွက်မည်အလုပ်လက်တစ်ကနေဆွဲပြီးလှည်ခြံလိုက်ရတော့သည်။.
"အမ်...ဘာလုပ်ဖို့လဲ...."
လှိုင်းကြောင်ပြီးမောင့်ကိုကြည့်နေမိသည်။ထိုအခါမောင်ကနှုတ်ခမ်းဆူပြီး....
"အွန့်..."
"မောင်...ဘာလဲလို့..."
ထိုအခါမောင်ကမျက်မှောင်ကျုံ့ပြီး....
"ဟာ...လှိုင်းကလည်း..romantic..... မဆန်လိုက်တာ...အိမ်ပြန်အနမ်းလေးပေးလေ..."
"ခုနကပေးပြီးပြီလေ...."
"အဲ့ဒါက...ချစ်သူဖြစ်တဲ့အထိန်းအမှတ်လေ..ခုကအိမ်ပြန်အနမ်း..."
"မတူဘူးပေါ့...."
"မတူဘူး..."
"ရွှတ်..."
မထင်မှတ်ဘဲလှိုင်းကပါးကိုနမ်းလိုက်တာကြောင့်ရင်ဘတ်ထဲဗြောင်းဆန်သွားသည်။
"အဟမ်း...ရ..ရပြီလေ...သွား...သွားတော့မယ်...."
"အင်း...မောင်ပြန်ရောက်ရင်...ဖုန်းဆက်လိုက်မယ်..."
"အင်း..."ပြောပြီးအိမ်ထဲကိုပြေးဝင်လာခဲ့တော့သည်။အခန်းထဲရောက်တော့ခုန်နေတဲ့ရင်ဘတ်ကိုလျစ်လျူရှူပြီးအိပ်လိုက်တော့သည်။
နေမင်းမောင်ကွန်ဒိုပြန်ရောက်သည်နှင့်လှိုင်းကိုဖုန်းဆက်တော့မကိုင်တာကြောင့်အိပ်ပြီထင်သည်ဟုသာတွေးလိုက်သည်။ထို့နောက်ဖုန်းချမယ်ပြင်ရုံရှိသေးသည်ဖုန်းဝင်လာသည်ကြောင့်ကြည့်လိုက်တော့....
"ဟယ်လို..မာမီ..."
"အမလေး...ကိုနေမင်းမောင်..မင်းအမေရှိသေးတယ်ဆိုတာတော့သိသေးတယ်ပေါ့နော်.."
မင်းတေငါတေပြောနေပြီဆိုတော့မာမီစိတ်ဆိုးနေပြီထင်သည်။
"မာမီကလည်း...သားကမနက်ဖျန်လာဖို့တောင်စဥ်းစာထားတာ....မာမီကသားကိုစိတ်ဆိုးနေတာလား..."
"အော်...စိတ်မဆိုးဘဲနေမလား...မင်းမာမီ့ကိုပစ်ထားတာကြာနေပြီနော်....မနက်ဖျန်လာခဲ့စောင့်နေမယ်...ဒါဘဲ..."
![](https://img.wattpad.com/cover/304990937-288-k722282.jpg)