"လူနာဆေးလိပ်သောက်လား..."
"ဟို...ဟုတ်တခါတလေပါ..."
လှိုင်းရှေ့ကဒေါက်တာကိုကြည့်တော့လှိုင်းကိုမယုံကြည်သလိုကြည့်ကာ....
"တခါတလေတော့မဟုတ်လောက်ဘူးထင်တယ်....ပြီးတော့လူနာရဲ့ညာဘက်အဆုတ်ကအရင်ထဲကမကောင်းဘူး...ခုဆေးလိပ်သောက်တော့ဒဏ်ဖြစ်သွားတာ...အဆုတ်ရောင်ရောဂါလိုပေါ့...အဆုတ်မကောင်းတဲ့သူကဖြစ်နိုင်ရင်ဆေးလိပ်အငွေ့ကိုမရှူသင့်တာ...အခုဘယ်ဘက်အဆုတ်ကပျက်စီးစပြုနေပြီ...ခုကချောင်းဆိုးသွေးပါတာနဲနဲအန်တာလေးဘဲဖြစ်အုံးမှာ...ကျွန်တော်ကတော့မြန်မြန်ကုသစေချင်တယ်....အတတ်နိုင်ဆုံးကတော့အစားထို့ကုသရင်ပိုကောင်းတာပေါ့...ကျွန်တော်ဆေးတော့ပေးလိုက်ပါ့မယ်...ဒါပေမယ့်ဆေးကကုသပေးနိုင်တယ်လို့ဆိုလိုတာမဟုတ်ဘူးနော်...ခနထိန်းထားပေးတာဘဲရှိတာ...ချောင်းတအားဆိုးရင်ဒီဆေးလေးသောက်လိုက်ပါ...အိမ်ကိုတိုင်ပင်လိုက်ပါ...."
"ဟုတ်ကဲ့.... ခွင့်ပြုပါအုံးဗျ... "
"ဟုတ်ကဲ့... "
လှိုင်းထွက်သွားတော့ဒေါက်တာကသူနာပြုကို....
"ခုနကထွက်သွားတဲ့လူနာရဲ့ဆေးစစ်ချက်နဲ့ကိုက်ညီတဲ့အဆုတ်ကိုရှာထားပေးပါ...အမြန်ဆုံးလိုချင်တယ်..."
"ဟုတ်ကဲ့... "
သူနာပြုထွက်သွားတော့ပြတင်းပေါက်နားသို့သွားကာအောက်ဘက်သို့ကြည့်လိုက်ပြီး....
"ငါ့အမှားတွက်အဲ့လောက်တော့ငါလုပ်ပေးချင်တယ်...ငါမင်းဆီကခွင့်လွှတ်မှုရချင်သေးတယ်..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~"ဟယ်လို...လွမ်းလေး...ဘာဖြစ်လို့လဲ..."
"ကိုလှိုင်း...သားသား....သားသား..."
"သားသားဘာဖြစ်တာလဲ...."
လှိုင်းတကယ်စိတ်မရှည်တော့ပါ...သားသားဆိုတာနဲ့တင်သူစိုးရိမ်နေပြီဖြစ်သည်။
"သားသားပျောက်သွားလို့...ခုလေးတင်အနားမှာရှိသေးတယ်...လှည့်ကြည့်လိုက်တော့မရှိတော့ဘူး..ဟင့်...အင့်...."