11 Uni + Zawgyi

782 42 0
                                    

    ပြတင်းပေါက်လိုက်ကာမှဖောက်ထွင်းပြီးထွက်လာသောနေရောင်ခြည်ကြောင့်လှိုင်းနိုးလာခဲ့သည်။လှိုင်းအိပ်ရာကထပြီးရေမိုးချိုးကာမျက်နှာလေးကိုလာဗင်ဒါနံ့ပါတဲ့ Babi mile လေးလိမ်းလိုက်သည်။လှိုင်းရဲ့အသားရည်ကဘာနဲ့မှမတည့်တဲ့တွက်ခုချိန်ထိ Babi mile သာလိမ်းရသည်။အားလုံးပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာတော့မီးဖိုချောင်မှလှိုင်းကြိုက်တဲ့မုန့်ဟင်းခါးနံ့လေးကဆွဲဆောင်ပြန်သည်။မြန်မြန်မီးဖိုချောင်ထဲဝင်သွားတော့မေမေက ဟင်းရည်အိုးကိုညြ်းကြည့်နေသည်။လှိုင်းလဲစားပွဲပေါ်ဝင်ထိုင်လိုက်ပြီး....

  "အား....ဗိုက်ဆာပြီဗျို့...."လှိုင်းပြောလိုက်တော့မေမေကပြုံးပြီးလှိုင်းနားလျှောက်လာသည်။

  "စားရတော့မှာပါရှင်...ခနနေဆိုဟင်းရည်ကရတော့မှာ..သားနေကောလာမှာမလား.."

   "ဟုတ်မေမေ..မောင်...အဲ...နေမင်းမောင်လာမှာ..."

     "အဟင်း...သားနဲ့သားနေရဲ့အခြေနေကကော...မေမေ့ကိုဘယ်ချိန်ထိမပြောဘဲထားမှာလဲ...."

     လှိုင်းမေမေ့ကိုကြည့်လိုက်တော့စိတ်တိုနေဟန်လည်းမပြသောကြောင့်...

     "သားတို့ချစ်သူဖြစ်တာမကြာသေးပါဘူးမေမေ...ပြီးတော့သားလဲမေမေ့ကိုပြောပြဖို့အဆင်သင့်မဖြစ်သေးလို့ပါ...သားတို့၂ယောက်က ယောက်ျားလေးလဲဖြစ်တယ်...ပြီးတော့သားလိုလူကကောသူနဲ့ရေရှည်ဖြစ်ပါ့မလားမေမေ...သားကတော့လေခုချိန်မှာသူနားရှိလို့ရတုန်းလေးရှိချင်သေးတယ်...သူ့ဘဝတွက်သားကအနှောင့်ယှက်ဖြစ်လာပြီဆိုရင်တော့သားသူ့နားကထွက်သွားပေးလိုက်မှာ...သားတွက်နဲ့တော့သူ့ကိုမထိခိုက်စေချင်ဘူး..."

       ဒေါ်လှိုင်မိုးရှေ့ကသားကိုကြည့်ပြီးသနားမိသည်။ဘယ်လိုဝဋ်ကြွေးတေကြောင့်များသူ့သားလေးခံနေရတာလည်း။သူ့သားနေရာမှာသူသာအစားဝင်လိုက်ချင်သည်။

      "မေမေယုံတယ်သား...မေမေ့သားလေးကဒီလောက်စိတ်ထားကောင်းတာ...ဘယ်သူကစွန့်ပစ်မှာလဲ...သားနေကလည်းသားလေးကိုစောင့်ရှောက်မှာပါ..."

      တီ...

     အိမ်ရှေ့ကကားသံကြားတာကြောင့်မောင်လာပြီထင်တယ်။လှိုင်းလဲအိမ်ရှေ့ကိုသွားလိုက်တော့....

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now