12 Uni +Zawgyi

870 41 0
                                    


          "ဟျောင့်တေ...ဒါကလှိုင်းတဲ့ငါ့ချစ်သူ..."
    
      မောင့်သူငယ်ချင်း၂ယောက်ကိုကြည့်လိုက်တော့လှိုင်းကိုသာမျက်လုံးပြူးပြီးကြည့်နေသည်။လှိုင်းလဲအနေခတ်လာတာကြောင့်မောင့်လက်မောင်းကိုကိုင်လိုက်သည်။ထိုအရာကိုမောင်ကသတိထားမိပြီး.....

     "ဟာ..ဟျောင့်တေ...အဲ့လိုမကြည့်နဲ့လေ...လှိုင်းနေရခက်နေပြီ..."

        ထိုအခါ၂ယောက်လုံးအကြည့်လွှဲလိုက်ပြီးနက္ခတ်ကတော့ရှေ့ကအရက်ကိုထိုင်သောက်နေသည်။မြတ်သူကတော့ချောင်းတချက်ဟန့်လိုက်ပြီး.....

      " အဟမ်း!ဟိုတောင်းပန်ပါတယ်ဗျ.အကို့သားရေကကျွန်တော်တို့နဲ့ယှဥ်ရင်တအားဖြူလို့လေ...ဘယ်လိုပြောရမလဲ....ချောကလက်တေရဲ့အလယ်မှာဘဲဥလေးထိုင်နေသလိုဘဲ....ဟိုကျွန်တော့်နမယ်ကမြင့်မြတ်သူပါဗျ...ဘေးကတော့နက္ခတ်တဲ့..."

      ​​​မြတ်သူစကားကြောင့်လှိုင်းခေါင်းငြိမ့်ပြလိုက်ပြီးနက္ခတ်ဆိုသူကိုကြည့်လိုက်တော့ခေါင်းငြိမ့်ပြီးပြုံးပြသည်။

     "လှိုင်း...ဘာသောက်မလဲဒီမှာအကုန်ရှိတယ်..."

     "ဟင့်အင်း...ငါဘာမှမသောက်တတ်ဘူး...ဖျော်ရည်မရှိဘူးလား..."

      ထိုစကားကြောင့်နေမင်းမောင်ရီလိုက်သည်။မောင့်ဖြူလုံလေးကတကယ့်ကိုအဖြူထည်လေးဘဲ.....

      "ဖျော်ရည်တော့ဘယ်ရှိမလဲလှိုင်းရဲ့...ဒီလိုလုပ်လေ...ဝိုင်လေးသောက်ကြည့်ပါလား...သူလဲဖျော်ရည်လိုဘဲ...."

     "အင်း...မောင်မှာပေး..."

     နေမင်းမောင်..waiter.ကိုလှမ်းခေါ်လိုက်ပြီးမှာစရာရှိတာမှာလိုက်သည်။ waiter ကောင်လေးလဲထွက်သွားပြီးဝိုင်နဲ့ဝီစကီတစ်လုံးပြင်လိုက်သည်။ပြီးနောက်ဝီစကီခွက်ထဲသို့အိပ်ကပ်ထဲမှဆေးမှုန့်လေးကိုထည့်လိုက်ပြီးအနဲငယ်လှုပ်လိုက်ပြီးထားလိုက်သည်။ထို့နောက်ဟန်မပျက်ဝိုင်းသိူ့သွားချလိုက်ကာbar နောက်ဘက်သို့ထွက်ခဲ့လိုက်ပြီးတစ်နေရာကိူမက်ဆေ့ပို့လိုက်သည်။
သက််လွှာ bar ရှေ့မှာကားရပ်ထားပြီးကိုနေ့အခြေနေကိုစောင့်ကြည့်နေတုန်းမက်ဆေ့ဝင်လာသောကြောင့်ကြည့်လိုက်တော့.....

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now