8 Uni + Zawgyi

896 51 0
                                    

          လှိုင်းဆေးရုံကဖုန်းဆက်သည်နှင့်အလျင်အမြန်ပင်လမ်းရောက်မှကားတစ်စီးငှားပြီးအမြန်သွားလိုက်သည်။ကားပေါ်မှသတိရတယ်မေမေ့ကိုတောင်အသိမပေးခဲ့လိုက်ရ။ကိုယ်ကစိုးရိမ်ပြီးဘာမှမမြင်တာနဲ့။

       ဆေးရုံရောက်တာနဲ့သူ့ကိုထူးဆန်းသလိုကြည့်နေကြတာကိုလဲဂရုမစိုက်အား
..ခုချိန်အရေးကြီးတာကနေမင်းမောင်လေ။ထို့ကြောင့်ကောင်တာဆီအလျင်အမြန်သွားပြီး.....

      "ဆရာမ....ကားတိုက်ခံရပြီးရောက်လာတဲ့လူနာကဘယ်ခန်းမှာလဲဟင်....."

      "ရှင်..."

      သူနာပြုဆရာမကကြောင်ပြီးကြည့်နေသည်မို့လှိုင်းစိတ်တိုသွားပြီး...

       "မင်းကိုကားတိုက်ပြီးရောက်လာတဲ့လူနာကိုမေးနေတာ..."

         ထိုအခါမှဆရာမလေးကလဲကြောင်တောင်တောင်ဖြင့်....

      "ဟု..ဟုတ်...အခန်း၁၀၄မှာပါရှင့်..."

    လှိုင်းလဲသူနာပြုပြောသည့်အခန်းကိုအပြေးလွှားသွားပြီးတခါးဖွင့်လိုက်တော့အဖြူစနဲ့အုပ်ထားတဲ့ကုတင်ပေါ်ကလူတစ်ယောက်ဘေးမှာလဲဆရာဝန်တစ်ယောက်နဲ့သူနာပြု၂နှစ်ယောက်ရှိသည်။လှိုင်းခြေလှမ်းတေအားလျော့သွားပြီးကုတင်အောက်ခြေမှာတင်ထိုင်ချလိုက်ပြီးအဖြူစနဲ့အုပ်ထားတဲ့အလောင်းကိုဖက်ပြီးငိုတော့သည်။

       "အီး...ဟီး...မောင်.ငါလာပြီလေ လို့...မင်းဘဲငါ့ကို..အင့်..ချစ်တယ်ဆို...မင်းခုဘာချိုး...ချိုးတာလဲ...ဟင့်...ငါ့ကိုထားပြီးထွက်သွားတယ်...ငါလဲမင်းကိုချစ်တယ်လေ...ထ...ထလို့..ငါပြောနေတယ်..နေမင်းမောင်... အင့်ထ..လို့ပြောနေတယ်နော်...နေမင်းမောင်..ငါမင်းကိုချစ်တယ်လို့...."

      လှိုင်းကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုဖြစ်နေမိသည်။သူမောင့်ကိုတကယ်ဆုံးရှုံးရပြီလား...သူခုဘယ်လိုရှင်သန်ရမလဲမသိတော့ပါ....သူ့နားခုဘယ်သူမှမရှိတော့ဘူး...အရင်လိုလှိုင်းလို့ခေါ်သံလေးလည်းမကြားရတော့ဘူး....ထိုအချိန်တံခါးဝမှကြားလိုက်ရသည့်အသံက....

      "လှိုင်း  ......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      မြတ်သူကျေးဇူကြောင့်နေမင်းမောင်ကော..နက္ခတ်ကောဆေးရုံမှာခေါင်းပတ်တီးနှင့်.....မြတ်သူကတော့လက်သာထိသွားသည်။တော်သေးတယ်ဓာတ်တိုင်ဘဲတိုက်မိလို့ဆိုင်ကယ်နေရာမှာသာကားဆိုရင်သွားပြီ။သုံးယောက်လုံး။တိုက်မိတော့ဆိုင်ကယ်သမားကဘဲဆေးရုံခေါ်ခဲ့ပေးလို့ကျေးဇူးတင်ရသေးသည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now