26 Uni+ Zawgyi

938 49 6
                                    


"ကိုလှိုင်းရေ...လွမ်းလာတယ်ဗျို့..."

"လွမ်းငယ်ကလည်းဘယ်လိုကြီးအော်နေတာလဲ..."

နက္ခတ် အပြောကြောင့်လွမ်းမျက်မှောင်ကျုံ့ကာကြည့်လိုက်ပြီး

"ဘာလည်းငြိုငြင်တာလား....ကြိုပြောနော်မစဥ်းစားပေးတော့ဘူး..."

လွမ်းပြောလိုက်သည့်စကားကြေညင့်မက္ခတ်မျက်လုံးပြူးသွားကာ.....

"ဟာ...မဟုတ်ဘူးလေ...လွမ်းငယ်...လွမ်းငယ်..."

နက္ခတ်စကားတောင်မဆုံးသေးလွမ်းကအိမ်ထဲဝင်သွာပြီဖြစ်သည်။နက္ခတ်လွမ်းနောက်လိုက်သွားလိုက်ပြီး.....

"ကိုလှိုင်း...နေမကောင်းဘူးလား....မျက်နှာကဖြူဖတ်နေတာဘဲ..."

လွမ်း..ကိုလှိုင်းမျက်နှာလေးကိုကိုင်ကာမေးတော့....

"လွမ်းလေးကလည်း...ကိုလှိုင်းအသားကိုကဖြူတာကို..."

"မဟုတ်ဘူးလေ... ခုကနှုတ်ခမ်းကပါဖြူနေလို့ပြောနေတာ..."

"ကိုလှိုင်းနေကောင်းပါတယ်...လွမ်းလေးရယ်...ကဲလာကိုလှိုင်းအုန်းနို့ခေါက်ဆွဲထည့်ပေးမယ်...ကြိုက်တယ်မလား..."

"ကြိုက်တယ်..ကြိုက်တယ်... စားမယ်...."

လွမ်းအပြုမူကြောင့်နက္ခတ်ကောလှိုင်းကောရီလိုက်မိသည်။

"နက္ခတ်လာလေ...တူတူဝင်စားလိုက်...ဒီနေ့နားတယ်ဆိုတော့တနေကုန်နေပြီးမှပြန်ပေါ့..."

"ဟုတ်အကို..."

လှိုင်းနှစ်ယောက်စလုံးကိုပြင်ပေးပြီးမှ...မောင့်တွက်ကိုအုပ်ဆောင်းလေးနဲ့အုပ်ထားလိုက်သည်။

အဟွတ်.. အဟွတ်..အဟွတ်...

လှိုင်းချောင်းဆိုးသံကြောင့်လွမ်းကထလာပြီး....

"ကိုလှိုင်း...ရလား..ချောင်းတေအဲ့လောက်ဆိုးနေတာကို..."

"ရပါတယ်...ကိုလှိုင်းတသွေးသီးသွားလို့ပါ...မောင့်ကိုသွားနိုးအုံးမယ်..."

လှိုင်းထွက်လာခဲ့ကာအခန်းထဲသို့ဝင်ကာရေချိုးခန်းထဲသို့မြန်မြန်ဝင်ကာမျက်နှာတေ...လက်မှာပေနေတဲ့သွေးတေကိုရေဆေးပစ်လိုက်သည်။အပြင်ထွက်လာပြီးမောင့်ကိုကြည့်လိုက်တော့အိပ်ပျော်နေဆဲပင်...လှိုင်းစိတ်ရှုပ်တာနဲ့ကုတင်အောက်မှာဖွက်ထားတဲ့ဆေးလိပ်ဗူးကိုထုတ်ကာဆေးလိပ်တစ်ခုကိုယူကာဝရံတာသို့ထွက်လာပြီးမီးညှိကာသောက်လိုက်သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now