22 Uni + Zawgyi

996 47 0
                                    


      လွမ်း ဟိုလူကြီးနဲ့စကားများကာစျေးဘက်စိတ်ပြေလက်ပျောက်ပတ်ကာပူတူးလေးတွက်မုန့်ဝယ်ရင်အိမ်ရှေ့ရောက်တော့တံခါးဝရှေ့မှာထိုင်နေတဲ့ပူတူးလေး...မျက်နှာကဆူပုတ်ပြီးလက်နှစ်ဖက်ကိုမေးထောက်ကာထိုင်နေသောပူတူးလေးကိုကြည့်လိုက်ပြီးအိမ်ထဲကိုကြည့်လိုက်တော့ကိုလှိုင်းအသံကိုတော့ကြားရသည်။ထို့နောက်ပူတူးနားလေးသွားပြီး.....

      "သားသား..ဘာလို့အိမ်ရှေ့မှာထိုင်နေတာလဲ..."

      "ပါးပါးနဲ့ Daddy. ရန်ချစ်နေရယ်..."

     "ဟမ်!"
      ပူတူးအပြောကြောင့်လန့်ပြီးအိမ်ထဲအမြန်ဝင်သွားလိုက်သည်။ခုနလေးတင်အဆင်ပြေနေကြသေးတယ်မဟုတ်လား..

     အိမ်ထဲရောက်ကြည့်လိုက်တော့ကိုလှိုက်းကခုံပေါ်ထိုင်နေပြီး CEO ကအောက်မှာဒူးထောက်ပြီးကိုလှိုင်းလက်ကိုကိုင်ပြီးတစ်ခုခုကိုပြောနေသည်။ထို့နောက်ကိုလှိုင်းကလွမ်းကိုမြင်သွားကာ....

      "လွမ်း...ပြန်ရောက်ပြီလား....နောက်ကျတယ်နော်...လာလာ..အကိုဟင်းတေပြင်ပေးထားမယ်..."

      ဆိုကာ CEO လက်ကိုဖြုတ်ကာထလာသည်။

       "အာ...ရပါတယ်...နေပါစေ...စကားအေးဆေးပြောကြပါဗျ...လွမ်းကိုယ့်ဘာသာဘဲလုပ်လိုက်ပါ့မယ်..."

      ကိုလှိုင်းကတော့ခေါင်းငြိမ့်ကာမီးဖိုချောင်ထဲသွာစလေသည်။ CEO လဲနောက်ကလိုက်ပြီး....

     "လှိုင်း ကလည်းမောင့်ကိုမသနားဘူးလား...၄နှစ်ကြီးတောင်ခွဲရတာခုမှပြန်ဆုံရတာကို...တခါထဲလိုက်ခဲ့ပါနော်..."

       ထိုအခါမှလွမ်းအကြောင်းရင်းကိုသိသည်။ကိုလှိုင်းကိုကြည့်လိုက်တော့လွမ်းကိုတစ်ယောက်ထဲထားခဲ့ရတာစိတ်မချဘူးထင်သည်။

     "ဟို..ကိုလှိုင်း...လိုက်သွားရင်သွားလိုက်ပါ...လွမ်းအဆင်ပြေပါတယ်...."

     "ရပါတယ်...မဟုတ်လဲသူဒီကိုလာနေအုံးမှာဘဲ...ရတယ်အကိုလွမ်းကိုစိတ်မချပါဘူး..."

      "ရပါတယ်...CEO နဲ့ပြန်လိုက်သွားလိုက်ပါ...လွမ်းဒီမှာနေတာကြာလှပြီ...အဆင်ပြေပါတယ်.... "

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now