17 Uni + Zawgyi

1K 49 4
                                    


      "သားသားရေ...ပူတူးရေ..."

     "ပူတူး..ပါပါးစိတ်ပူလာပြီနော်...ဘယ်မှာလဲ..."

      "ပါးပါးတကယ်စိတ်ဆိုးတော့မှာနော်...ပူ.."

     ဟော...တွေ့ပါပြီ။ကိုယ်ကသာစိုးရိမ်ပြီးလိုက်ရှာနေတာ..ဒင်းလေးကတော့စတော်ဘာ်ရီပင်​ကြားမှာထိုင်ပြီးဘယ်ဘက်လက်မှာတစ်လုံးညာဘက်တစ်ဖက်မှာတစ်လုံးအပီပြင်ကိုထိုင်စားနေသည်။

      "နေလှိုင်းမဟာ!.."

    ခေါ်လိုက်တော့ကိုယ်လေးတုန်သွားပြီးမျက်နှာငယ်လေးနဲ့လှည့်ကြည့်လာသည်။

      "လာခဲ့...ဒီကို...ပါးပါးဘယ်လောက်တောင်စိတ်ပူခဲ့ရလဲသိလား..."

      လာဆိုတော့လဲလုံးလုံး လုံးလုံး ပြေးလာသည်။

    "ကြည့်ပါအုံး... ပေပွနေတာဘဲ...ဒီနေ့တစ်နေလုံးအကျီလဲပေးရတာဘယ်နှခါရှိပြီလဲသိလား..."

    ခေါင်းငြိမ့်ပြလာသည်။

   "ပြီးတော့...ပူတူးစတော်ဘယ်ရီသီးစားတာများနေပြီ...အများကြီးစားရင်လေးငယ် လိုဆေးထိုးပေးရလိမ့်မယ်...."

       ပြောလိုက်တော့ငိုမဲ့မဲ့ဖြစ်လာသောကြောင့်လှိုင်းလဲစိတ်လျော့လိုက်ရသည်။

    "မငိုရဘူးလေ....ပါးပါးကသားနေမကောင်းဖြစ်မှာစိုးလို့ပါ..."

    "တားမှားတွားပါရယ်..."

     လှိုင်းပြုံးလိုက်ကာ.....

  "ရီပြပါအုံး..."

   "ဟီး..."ဆိုပြီးသွားညီညီလေးတေပေါ်အောင်ရီပြသည်။

   "ကဲ..ရေသွားချိုးမယ်...လေးငယ်ခနနေပြန်လာတော့မှာ...ညစ်ပတ်နေရင်လေးငယ်ကပူတူးလေးကိုမချစ်ဘဲနေလိမ့်မယ်..."

     "တွားမယ်..တွားမယ်..."

    သားကိုချီပြီးအပေါ်ထပ်ကလှိုင်းတို့သားဖအခန်းထဲဝင်ကာရေချိုးပေးရတော့သည်။

"ပူတူးရေ...လေးငယ်လာပြီ...ပူတူး...ဒီမှာမင်းတွက်မုန့်တေဝယ်လာတယ်..."

     "ယေး...ရေးငယ်...ရာပြီဟေ့...."

       အော်ပြီးအပြာရောင်ကာတွန်းဝတ်စုံနဲ့ပြေးထွက်လာတဲ့ပူတူးကိုချီလိုက်သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now