15 Uni + Zawgyi

951 36 2
                                    

   "သက်လွှာ..."

    ဖုန်းဆက်ပြီးချိန်းသည့်မိန်းကလေးကိုသက်လွှာမထင်မိတာတော့အမှန်ပင်။

  "ဟုတ်တယ်...ထိုင်ပါအကို..."

    သက်လွှာကော်ဖီခွက်ကိုချကာပြောလိုက်သည်။

     "ဒါနဲ့အကို့ကိုခေါ်ရတဲ့အကြောင်းရင်းက....."

       "အကိုတစ်ခုခုမှာပါအုံး..."

     "ရပါတယ်...လိုရင်းသားပြောပါ..."

    "ကောင်းပြီလေ...ညီမပွင့်ပွင့်လင်းလင်းဘဲပြောတော့မယ်...အကိုနဲ့ကိုနေနဲ့ရီးစာတေဆိုတာညီမသိတယ်..."

     သက်လွှာအပြောကြောင့်လှိုင်းပေါင်ပေါ်တင်ထားတဲ့လက်တေအလိုလိုဆုပ်မိသသည်။

     "ဒါမယ့်ညီမကတော့လက်မခံနိုင်ဘူး...ပြီးတော့ညီမနဲ့ကိုနေနဲ့က..အု့ပ်စ်.. sorry... ကိုနဲ့ညီမနဲ့ကမိဘချင်းသဘောတူထားတာ...အဲ့တာကို ကိုကအကို့ကိုမပြောဘူးထင်တယ်...အဲ့ဒါကြောင့်အကိုက ကို့ကိုလမ်းခွဲပေးပါ...အကိုလဲပညာတတ်တစ်ယောက်ဖြစ်မယ်လို့ထင်တယ်...ပြီးတော့ခုခေတ်က LGBT တေကိုလက်ခံလာပြီဆိုပေမယ့်..ကို့မာမီကတော့ရှေးလူကြီးလေ..လက်ခံနိုင်မယ်မထင်ဘူး...ကို လက်မခံလည်းကို့မာမီဆီမှာနှလုံးရောဂါရှိတယ်လေ...သူ့မာမီပြောရင်တော့ကိုလက်မခံဘဲမနေဘူး....ကိုဆိုတာက ကုမ္ပဏီပိုင်ရှင်တစ်ယောက်လေ...အဲ့တော့ကုမ္ပဏီပိုင်ရှင်တစ်ယောက်ကခုလို gay တစ်ယောက်ဆိုရင်ကို့ရဲ့အနာဂတ်ကဘယ်လိုလှပနိုင်မှာလဲ...အကိုကတော့ကို့ကိုအဲ့လိုမဖြစ်စေချင်ဘူးထင်တယ်...အဲ့တော့ခုထဲကအကိုတို့လမ်းခွဲလိုက်ရင်အကိုလဲသိပ်မနာကျင်တော့ဘဲကိုလည်းခနတာရူးသွပ်မှုဆိုပြီးမေ့သွားမှာဘဲလေ..."

     "အကိုသိပါတယ်ဒါတေကို....ဒါပေမယ့်အကို့ကြောင့်နဲ့တော့မောင့်ကိုအနှောင့်ယှက်မဖြစ်စေရပါဘူး....ညီမ မပြောလည်းအကိုသူ့ဆီကတစ်ချိန်ချိန်ထွက်သွားဖို့ရည်ရွယ်ထားပြီးသား...အကိုဆွဲထားလို့ရတုန်းလေး...ချစ်ခွင့်ရတုန်းလေးချစ်ချင်ခဲ့တာ...အချစ်ခံချင်ခဲ့တာ....စိတ်ချပါ...အကိုသူ့ကိုအချိန်တစ်ခုကျရင်လက်လွှတ်ပေးပါ့မယ်...သွားခွင့်ပြုပါအုံး..."

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now