"ဟယ်လိုကိုနေ.... သက်လွှာပြင်ဦးလွင်လာလည်ရင်းနဲ့ကိုနေ့ဆီဝင်ဖို့...အားလားမသိဘူး...""ကိုနေ...အခုအစည်းဝေးလေးရှိသေးတယ်..."
"ဟုတ်လားအဲ့ဆို...ပြီးရင်တွေ့ရအောင်လေ...သက်လွှာနေရာကိုပို့ပေးလိုက်မယ်..."
သက်လွှာဖုန်းချကာအရှေ့မှာမြင်နေရတဲ့နေလှိုင်းကော်ဖီဆိုင်လိပ်စာကိုပို့ပေးလိုက်သည်။အစည်းဝေးကသိပ်ကြာမည်မထင်တာကြောင့်ဆိုင်ထဲဝင်ပြီးစောင့်ရန်စိတ်ကူးလိုက်သည်။ဆိုင်ထဲဝင်သွားတော့ကော်ဖီနံ့လေးတေနဲ့စိတ်ကြည်နူးဖွယ်ကောင်းလှသည်။
"ကြိုဆိုပါတယ်ဗျ....ဘာသုံးဆောင်မလဲမသိဘူး..."
ကောင်တာမှကောင်လေး၏အသံကြားတာကြောင့်လှည့်ကြည့်လိုက်တော့....လှိုင်း.. အံ့သြခြင်းနဲ့အတူစိုးရိမ်ခြင်းပါ ပါလာသည်။ဘာလို့လဲဆိုကိုနေ့ကိုဒီဆိုင်မှာချိန်းခဲ့သည်..မဟုတ်ပါလား...သို့ပေမယ့်အမူအရာကိုထိန်းကာ...
"အော်...ကိုလှိုင်းပါလား...သက်လွှာကပျောက်သွားတယ်ဆိုပြီးဘယ်ရောက်သွားလဲမှတ်တာ...ဒီမှာလာနေတာကိုး...ဒါနဲ့ဒီမှာအလုပ်လုပ်တာလား..."
လှိုင်းဆိုင်ထဲဝင်လာတဲ့သက်လွှာကိုမြင်ပြီးအံသြ သွားပေမယ့်မောင့်ကိုတွေ့ရမှတော့သက်လွှာကိုလည်းတွေ့ရမှာဘဲဆိုပြီးဖြေသိမ့်ရတော့သည်။သက်လွှာပြောလိုက်တဲ့စကားကြောင့်ပြုံးလိုက်ပြီး...သူကဒီဆိုင်ပိုင်ရှင်ဆိုတာကိုတော့မပြောပြလိုက်တော့.....
"ဘာသောက်မလဲသက်လွှာ...."
"အင်းးးး....သက်လွှာကို mocha လေးတစ်ခွက်လောက်..."
လှိုင်း သက်လွှာပြောတဲ့ mocha ကိုပြင်လိုက်ကာသွားချပေးလိုက်ပြီး...
"အော်...ဒါနဲ့အကို...ကို့ကိုကောတွေ့ပြီးပြီလား..."
ကို ဆိုတဲ့အသံကြားတော့လှိုင်းလှမ်းနေတဲ့ခြေလှမ်းတေတုံ့ခနဲရပ်သွားသည်။သို့ပေမယ့်လဲလှိုင်းကအရင်ကလှိုင်းမှ မဟုတ်တော့တာ...အရင်တုန်းကသတ္တိမရှိပေမယ့်...သားလေးတွက်နဲ့ဘယ်သူ့အပြောမှမခံဘဲနေလာခဲ့သည်။လှိုင်းလဲသက်လွှာအပြောကိုအပြုံးလေးနဲ့ပြန်ဖြေလိုက်ကာ...
![](https://img.wattpad.com/cover/304990937-288-k722282.jpg)