29 Uni + Zawgyi

1K 46 1
                                    

      "လှိုင်း...မောင့်ကိုကြည့်ပါအုံး....လှိုင်း...နက္ခတ်!. .လာကြအုံး...."

       နေမင်းမောင်...လှိုင်းကမျက်လုံးမှိတ်ကာအသက်ကိုသာရှူနေတာကြောင့်နက္ခတ်ကိုအမြန်ခေါ်ရတော့သည်။

       "ဘာဖြစ်တာလဲ...ကိုလှိုင်း..."

      "ကိုလှိုင်း...ဟင့်..ဘာဖြစ်တာလဲ...သွေးတေအများကြီးဘဲ..."

      လွမ်းနဲ့နက္ခတ်နဲ့ဝင်လာတော့ကိုလှိုင်းကိုဖက်ထားတဲ့နေမင်းမောင်ရယ်...သွေးတေနဲ့ကိုလှိုင်းရယ်....

      "နေမင်မောင်စိတ်အေးအေးထား...လာဆေးရုံပို့မယ်..."

       နေမင်းမောင် လှိုင်းကိုပွေ့ချီကာ....

    "သက်လွှာမေ....လှိုင်းတစ်ခုခုဖြစ်ရင်အရှင်မထားဘူး"

      သက်လွှာမေကတော့ အဲ့နေရာကနေမရွေ့ပေ....

       "လွမ်း...သွားလိုက်...ကိုယ်နောက်မှလိုက်ခဲ့မယ်..."

       လွမ်းခေါင်းငြိမ့်ကာအကို့နောက်သို့အြန်မြန်ပြေးလိုက်သွားသည်။

       "မင်းကျေနပ်ပြီလား...လိုချင်သေးလား....နေမင်းမောင်ကို...ဟမ်..."

        "သက်လွှာဘာမှမလုပ်ဖူး....သက်လွှာလုပ်လိုက်တာမဟုတိဘူး..."

      "တော်တော့...မင်းခုချိန်ထိတောင်ဘူးခံငြင်းနေတယ်...နောင်တမရသေးဘူးလား....မင်း..နေမင်းမောင် မိဘတေကိုသတ်လိုက်တယ်ဆိုတဲ့သတ်သေတေလဲရှိပြီ...ဒီလောက်လုပ်တော်ရောပေါ့...သားသားတောင်အလွတ်မပေးဘူး..."

       သက်လွှာကတော့အသက်မဲ့တဲ့မျက်နှာနဲ့ကြမ်းပြင်ကိုသာစိုက်ကြည်ကြာမျက်ရည်တေကျနေသည်။

       "မဟုတ်ဘူး...သက်လွှာဘာတေများမှားနေလို့မချစ်နိုင်ရတာလဲ...သက်လွှာကို့ကိုရချင်လို့ဒီလိုတေလုပ်ရတာ...သက်လွှာမမှားဘူး..."

      နက္ခတ်ရှေ့ကသက်လွှာကိုကြည့်ကာစိတ်ပျက်မိသည်။အကုန်လုံးကိုဘူးခံပြီးငြင်းနေတာသက်သေကအားလုံးအတည်ပြုပေးနေပြီ....

       "မင်ကအချစ်ကိုရယူခြင်းလို့ထင်နေတာဘဲ...အဲ့ဒါဆိုမင်းမှားနေတာ...ကဲ..မင်းနေမင်းမောင်ကိုရပါပြီရဲ့သူကမင်းကိုမချစ်ဘဲမင်းနဲ့တူတူနေသွားရမှာမင်းစိတ်ချမ်းသာပါ့မလား...သူစိတ်မချမ်းသာတာကောမြင်ရင်မင်းပျော်လား...မင်းခုနာကျင်တာထက်အဆပေါင်းများစွာကိုမင်းလဲခံစားရမယ်သူလဲခံစားရမယ်...မင်းအပြစ်တေကိုဝန်ခံပြီးမင်းထောင်ထဲကထွက်လာရင်ဘဝသစ်တစ်ခုကိုစပြိးငါတို့ကိုအရင်လိုဘဲအကိုတေလိုသဘောထားပြီးနေလို့ရတယ်လေ...."

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now