"ပါးပါး...ဟိုမှာရေကန်လည်းချိတယ်..."
လှိုင်းသားသားပြတဲ့ဘက်ကိုကြည့်ကာပြုံးလိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။
"Daddy.... တားရေချော့မယ်နော်..."
သားအပြောကြောင့်နေမင်းမောင်ရီလိုက်ကာ...
"ဟုတ်ပါပြီကွာ... ခုတော့နားပါအုံး...မနက်ဖျန်ကျရင်ရေဆော့ဖို့လိုတာတေလိုက်ဝယ်ပေးမယ်နော်...."
"ဟုတ်...."
"ကဲလာလာ...သားဖတေစကားများမနေနဲ့..."
လှိုင်းခေါ်လိုက်တာနဲ့သားဖနှစ်ယောက်လုံးပြေးလာပြီးအိမ်ထဲဝင်လာသည်။လှိုင်း သားကိုအရုပ်တေနဲ့ကစားခိုင်းကာအိမ်သန့်ရှင်းရေးလုပ်ဖို့စတင်တော့သည်။မောင့်ကိုကြည့်လိုက်တော့သားဘေးနားမှာထိုင်ပြီးသားဆော့တာထိုင်ကြည့်နေသည်။
"မောင်...လှိုင်း ဒီအပေါ်ကဖုန်လေးတေသုတ်ချင်လို့ခုံလေးယူခဲ့ပေးပါလား..."
နေမင်းမောင်ကြည့်လိုက်တော့လှိုင်းက ဗီဒိုပေါ်ကဖုန်တရှိနေတဲ့ဟာကိုသုတ်နေတာသည်။နေမင်းမောင်လှိုင်းနားသွားကာလှိုင်းကိုမချီလိုက်ပြီး....
"အမလေး...မောင်..လန့်သွားတာဘဲ...အဲ့လိုချီထားရင်မောင်ညောင်းမှာပေါ့....ခုံဘဲပေးပါ..."
"လုပ်ပါလှိုင်းရယ်...လှိုင်းကိုယ်လေးကသေးသေးလေးရယ်...မောင်နိုင်ပါတယ်.
...."လှိုင်းလဲပြေားမရတာကြောင့်ဖုန်ကိုမြန်မြန်သုတ်ကာမောင့်ကိုပြောမည်အလုပ်မောင်ကခါးကလက်ကိုချလိုက်တာကြောင့်လန့်သွားပြီးမောင့်ပခုံးကိုလှမ်းကိုင်လိုက်တော့ခါးကိုပြန်ရစ်နွယ်လာတဲ့မောင့်လက်....
"ေမာင်...ငါ့ကိုအသေ သတ်နေတာလား..."
"မောင်ကမင်းကိုထိခိုက်အောင်လုပ်ပါ့မလား...ဟင်...ပြွတ် "
"ဟာ...မောင့်...သားရှိတယိလေ...."
"ဘာမှမဖြစ်ပါဘူး.... သားကသူ့ဟာသူဆော့နေတာ..."
သားကိုကြည့်လိုက်တော့တကယ်ကိုသူ့ဟာသူဆော့နေသည်။
"ဒါနဲ့ဒါကဘယ်သူ့အိမ်လဲ..."
![](https://img.wattpad.com/cover/304990937-288-k722282.jpg)