24 Uni+ Zawgyi

937 50 0
                                    

   လွန်ခဲ့သော၁ပတ်ခန့်က......

          မာမီနှင့်ဒယ်ဒီ့ကိုတိုက်ခဲ့တဲ့တံရားခံကကင်းလွတ်ခွင့်နဲ့လွတ်မြောက်ခဲ့တဲ့တွက်နက္ခတ်နဲ့နေမင်းမောင်နဲ့ဆိုင်တစ်ဆိုင်မှာသွားတွေ့ခဲ့သည်။

       "မင်းနမယ်က ဇင်သူနော်.."

       "အင်း..."

   ရှေ့ကလူကိုကြည့်ကာနက္ခတ်သက်ပြင်းချမိသည်။တကယ်လဲထောင်ထွက်နဲ့တူပါပေတယ်...အရပ်က ၆ပေကိုမှခန္ဓာကိုယ်ကနက္ခတ်တို့နဲ့မကွာထောင်ကထွက်လာသည်ကြောင့်ဆံပင်ရှည်နဲ့မုတ်ဆိတ်မွှေးတေနဲ့ဖြစ်နေသည်။အဲ့အရှုပ်တေဖယ်လိုက်ရင်တော့လူချောတစ်ယာက်တော့ဖြစ်လာက်သည်။

       "မင်းသက်လွှာမေကိုသိတယ်မလား...."

          မေးလိုက်သူကတော့နေမင်းမောင်ဖြစ်သည်။

      "မင်းတို့ကဘယ်သူတေလဲ....သူလွှတ်လိုက်တာလား...ဘာလဲသူကငါ့ကိုလွှတ်ပြီးသတ်ခိုင်းလိုက်တာလား..."

       ဇင်သူဆိုတဲ့သူပြောလိုက်တဲ့စကားကြောင့်နေမင်းမောင်မျက်မှောင်ကျုံ့လိုက်သည်။

        "သူကဘာလို့မင်းကိုသတ်ခိုင်ရမှာလဲ...ပြီးတော့ငါတို့ကသူလွှတ်လိုက်တာမဟုတ်ဘူး...ဘေးကနေမင်းမောင်ဆိုတဲ့သူကိုတော့မင်းသိမှာပါ...."

      နက္ခတ်ပြောလိုက်မှထိုလူကနေမင်းမောင်ကိုကြည့်ပြီးခေါင်းငုံ့သွားသည်။

       "တောင်းပန်ပါတယ်...ကျွန်တော်လဲရွေးချယ်စရာမရှိတော့လို့ပါ..."

      
        "ဘာကြောင့်ဒီလိုလုပ်ရတာလဲ..."

    
       နေမင်းမောင်ကမေးတော့....

      "အဲ့နေ့တုန်းကသက်လွှာမေနဲ့ဦးသက်စိုးဆိုတဲ့လူနဲ့ဟိုတယ်တစ်ခုထဲဝင်သွားတာကိုဒီကညီလေးရဲ့အမေနဲ့အဖေကတွေ့သွားလို့လိုက်လာခဲ့တာ...ဖြစ်ချင်တော့သက်လွှာတို့ကိုအခန်းထဲမှာမိသွားပြီးညီလေးရဲ့အမေကသူ့သားနဲ့သဘောမတူဘူး၊ သက်လွှာမေရဲ့အဖေကိုလည်းအကျိုးကြောင်းရှင်းပြပြီးမဂလာပွဲကိုဖျက်မယ်ဆိုပြီးပြောတော့..သက်လွှာမေကညီလေးအမေကိုတောင်းပန်သေးတယ်...ဒါပေမယ့်လဲညီလေးအမေကခွင့်မလွှတ်ဘဲညီလေးကိုဖုန်းဆက်ပြီးပြောစရာရှိလို့လို့ပြောပြီးဟိုတယ်ကိုလာခိုင်းလိုက်တော့သက်လွှာမေကသူ့အကြောင်းတေကိုပြောမှာစိုးလို့ဆိုပြီးအကို့ကိုရှင်းခိုင်းတယ်....အကိုအစကတွေဝေနေသေးတယ်...ဒါမယ့်သက်လွှာမေကအကို့အမေရဲ့ဆေးရုံခကိုသူတာဝန်ယူပေးပါ့မယ်ဆိုပြီးပြောတော့အကိုလဲလုပ်ခဲ့မိတယ်...အစကညီလေးတို့ကိုစောင့်ကြည့်ဖို့ဘဲပြောပေမယ့်လူသတ်ခိုင်းတဲ့ထိရောက်တော့အကိုစိတ်မလုံတော့ဘူး....အဲ့ဒါကြောင့်သက်လွှာမေရဲ့စကားကိုယုံပြီးကိုယ့်အပြစ်ကိုဆေးကြောဖို့အကိုဝန်ခံခဲ့တာ...တောင်းပန်ပါတယ်..... "

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now