extra

1.3K 46 4
                                    

    ဒီနေ့ကတော့အိမ်ရဲ့အချစ်တော်လေးထဲကတစ်ယောက်ဖြစ်တဲ့သားသား (နေလှိုင်းမဟာ)  ရဲ့ ၆နှစ်ပြည့်မွေးနေ့ဖြစ်သည်။ကိုယ်တော်ချောကသူ့ကို ဦးဦးတေဖိတ်ပြီးကိတိခွဲပေးမယ်ဆိုတော့မနက်အစောကြီးထကာ ပြင်ဆင်နေတာလုထိမပြီး...ရှာပေးမယ်ဆိုတာလဲမဟုတ်....

       "သားသားရယ်...ပါးပါးရှာပေးပါ့မယ်...မင်းလုပ်တာအဝတ်တေလဲအောက်မှာပြမ့်ကျဲနေတာဘဲ...."

      "ရပါတယ်..ပါးပါးရဲ့...သားသားလူကြီးဖြစ်ပါပြီ..."

      လှိုင်းလဲဘာမှမပြောတော့ဘဲလွတ်တဲ့နေရာမှာထိုင်ကြည့်နေလိုက်သည်။

      "ပါးပါး...ဒီမှာကြည့်..."

       ခနအကြာခေါ်လို့ကြည့်တော့ အကျီအဖြူစတစ်လက်ရှည်ဝတ်ထားပြီး...ပြီးတော့အောက်ကပုဆိုးအနက်ရယ်ကိုကိုင်ထားသည်။ပုဆိုးကိုမဝတ်တတ်တာကြောင့်ကိုင်ပြီး....

      "သားသားကိုဒါလေးလုပ်ပေးအုံး..."

      "ကဲ...ပေး..မင်းသာလေးကလည်းမပြီးနိုင်ဘူး.."

      "သားသားရေပြီးပြီလား..."

     မောင်ကတံခါးဝကနေပြီးမေးသည်။လက်ထဲမှယလဲသားငယ်ကိုချီထားသေးသည်။မောင်ကတော့သားငယ်ကိုသူ့စိတ်ကြိုက်ဆင်ထားသည်။ ဝက်ဝံရုပ်လေးတေပါတဲ့ဝမ်းစက်အနီလေးကိုဝန်ထားပေးပြီးမောင်ကတော့လှိုင်းနဲ့တူတူ အကျီစတစ်ခရမ်းရာင်လက်ရှည်လေးကိုမှပုဆိုးခရမ်းယောင်လေးနဲ့တွဲဝတ်ထားတာကြောင့်မောင်လဲပိုကြည့်ကောင်းနေသည်။

       "ကဲ...ပြီးပြီ..သွား..အိမ်ရှေ့မှာဦးဦးတို့ကိုစောင့်နေ..."

      "တားတားတိုတိုနဲ့ရိုက်တွားမယ်...ဒယ်ဒီ ချပေး..."

       နေမင်းမောင် လက်ထဲကကော့ထိုးနေသောကြောင့်ချပေးလိုက်တော့ညီကိုနှစ်ယောက်လက်တွဲကာအိမ်ရှေ့ကိုပြေးသွားသည်။

      "မောင့်လှိုင်းကဒီနေ့လှနေပါလား..."

     ပြောပြီးခါကနေဆွဲဖက်လိုက်သည်။

     "ဘာလှတာလဲ...ငါမိန်းကလေးမဟုတ်ဘူး..."

     လှိုင်းရဲ့မကျေမနပ်စကားကြောင့်နေမင်းမောင်အားရစွာရီလိုက်သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now