7Uni + Zawgyi

864 45 0
                                    

         လှိုင်းနေ့လည်ထိစာဖတ်ပြီးအိပ်ပျော်သွားတာမို့ညနေနိုးလာတော့ အချိန်က၅နာရီပင်ရှိနေပြီ။လူကလည်းနုံးနေတာမို့ရေချိုးရန်ရေချိုးခန်းထဲသို့ဝင်လိုက်တော့သည်။ရေချိုးခန်းထဲရောက်တော့ရေဗန်းအောက်မှာအချိန်အတော်ကြာထိရပ်နေပြီးအတွေးတေကမနက်ကတဖက်ခြံရှိဝရန်တာပေါ်.....

       မနက်က၉နာရီလောက်မေမေဆိုင်သွာတော့လှိုင်းလဲပျင်းတာနဲ့စာအုပ်ဖတ်ဖို့အိမ်ရှေ့ကိုထွက်ခဲ့လိုက်သည်။စာအုပ်ဖက်နေရင်အမှတ်မထင်ရင်နှီးတဲ့ရယ်သံကြားရတာကြောင့်လှမ်းကြည့်လိုက်တော့ဟိုဘက်ခြံကဝရန်တာပေါ်မှာနေမင်းမောင်နဲ့ဟိုနေ့က ကိတ်ဆိုင်မှာတွေ့ခဲ့တဲ့သက်လွှာဆိုတဲ့မိန်းကလေး။ဘာတေသဘောကျနေ လဲမသိဘူး။ထို့နောက်ထိုမိန်းကလေးကနေမင်းမောင်ကိုလှမ်းဖက်လိုက်သည်။နေမင်းမောင်လဲပြန်ဖက်ထားတာကိုတွေ့တော့ဝမ်းနည်းလာသောကြောင့် အမြန်အိမ်ထဲဝင်ခဲ့ရသည်။

          ေနမင်းမောင်ဆိုတာသက်လွှာနဲ့ဘဲလိုက်ဖက်တယ်...ငါ့လိုရောဂါသည်နဲ့မဟုတ်ဘူး....မောင်....ငါမင်းကိုချစ်ပေမယ့်..မင်းကိုတော့ငါ့ဘဝထဲဆွဲမခေါ်ရက်ဘူး...ငါလေအခုမင်းကိုချစ်တဲ့အကြောင်းတေပြောချင်ပေမယ့်...ငါ့လိုလူမျိုးကမင်းနဲ့ကောထိုက်တန်ရဲ့လားဆိုတာငါမသိဘူး..မင်းကမိန်းကလေးတစ်ယော​က်ကိုဘဲချစ်သင့်တာ...ငါ့ကိုမဟုတ်ဘူး....

     မျက်ရည်တေရေနဲ့ပါသွားသလိုငါ့မှတ်ညာဏ်တေလဲအဲ့လိုပျောက်သွားရင်ကောင်းမှာဘဲ...အဲ့ဒါမှမင်းကော.ငါကောမနာကျင်ရတော့မှာ....

      ရေဗန်းအောက်မှာရပ်နေတာကြာ၍လူကအေးစိမ့်စိမ့်ဖြစ်လာသည်။ထို့ကြောင့်မြန်မြန်ချိုးပြီးအောက်ဆင်းရန်ပြင်လိုက်တော့သည်။

    အောက်ရောက်တော့မေမေက မီးဖိုချောင်ထဲမှာဟင်းချက်နေသည်။ထိုဲ့ကြောင့်မေမေ့နားသွားပြီးခါးလေးကိူဖက်လိုက်တော့...

       "နိုးပြီလား....ခနလေးနော်မေမေ..ဟင်းချင်လိုက်အုံးမယ်...ခုံပေါ်မှာခနစောင့်..."

        လှိုင်းလဲမေမေပြောတော့ခုံပေါ်သွားပြီးထိုင်ပြီးမေမေ့ကိုကြည့်နေလိုက်သည်။ခနကြာတော့မေမေကမီးဖိုကိုပိတ်ပြီးလှိုင်းနားကခုံမှာလာထိုင်သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now