4Uni + Zaw

1K 54 0
                                    


      နေမင်းမောင်တနဂနွေနေ့ဖြစ်လို့မြင့်မြတ်သူဆီဖုန်းဆက်လိုက်သည်။နေမင်းမောင်ဆီမှာသူငယ်ချင်း၂ယောက်ရှိသည်။တစ်ယောက်ကတော့မြင့်မြတ်သူ၊နောက်တစ်ယောက်ကတော့နက္ခတ်ဖြစ်သည်။သူတို့၂ယောက်ကနေမင်းမောင်ငယ်ငယ်ထဲကခင်ခဲ့တဲ့သူငယ်ချင်းတေဖြစ်ပြီးဆိုးဖော်ကောင်းဖက်တေဖြစ်သည်။မြတ်သူကတော့ သူ gay ဆိုတာကို comeout လုပ်ထားသည်။သူငယ်ချင်းတေကိုပြောပြတုန်းကနေမင်းမောင်ကောနက္ခတ်ကောအံသြမိပေမယ့်မုန်းတော့မမုန်းပါ။နက္ခတ်ကတော့နေမင်းမောင်လိုဘဲ single ပေါ့။ခုထက်ထိသူသဘောကျတဲ့သူမတွေ့သေးဘူးလို့ပြောတာဘဲ။

မြတ်သူကတော့ ဆရာဝန်ဖြစ်ပြီးသူ့ကိုကိုကလည်းသူတို့ဆေးရုံက စီနီယာဆရာဝန်ပင်ဖြစ်သည်။နက္ခတ်ကတော့နေမင်းမောင်လိုပင် သူ့အဖေရဲ့ ကုမ္ပဏီကိုသာဦးစီးနေသည်။အတွေးတေကိုရပ်ပြီးမြတ်သူကိုသာဖုန်းဆက်လိုက်သည်။

        " ဟယ်လို...ဟျောင့်မြတ်သူ..မင်းတို့ဒီနေ့အားလား..."

     " မအားဘူးလေ..ငါဒီနေ့ငါ့ကိုကို ဆီသွားရမှာ....."

     " ဟုတ်လား..."

    " ဘာလို့လဲ...ဘာအရေးကြီးကိစ္စရှိလို့လဲ
..."

   " မရှိပါဘူးကွာပျင်းလို့....​ရပါတယ်ကွာမင်းကိုကိုဆီဘဲသွားလိုက်ပါ...."

      " အေးအေး  "

      နေမင်းမောင်လဲပန်မဖြေတော့ဘဲဖုန်းချလိုက်တော့သည်။မြတ်သူကတော့သူ့ကိုကိုဆီသွားမယ်ဆိုတော့နက္ခတ်ဘဲကျန်တော့သည်။

       တူ~~~~~~တူ ~~~~တူ ~~~
  
        ဝင်ပေမယ့်မကိုင်တာကြောင့်ဒီကောင်လည်းအလုပ်ရှုပ်နေသည်ထင်သည်။ထို့ကြောင့်ဘယ်သွားရမလဲစဥ်းစားနေမိသည်။

        ခနအကြာအကြံတစ်ခုရသွားပြီးစားပွဲပေါ်မှာတင်ထားတဲ့ဖုန်းရယ်ပိုက်စံအိတ်ရယ်ကားသော့ရယ်ယူပြီးတက်ကြွသောခြေလှမ်းတေနဲ့သွားမယ့်နေရာကိုဦးတည်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~

        လှိုင်းစာဖတ်နေတုန်းအိမ်ရှေ့မှကားသံကြား၍မေမေပြန်လာပြီအထင်နှင့်တံခါးသွားဖွင့်လိုက်ရာမြင်လိုက်ရသည်က.......

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now