ဖြန်း!
"မာမီ.. "
နေမင်းမောင်ပူထူသွားတဲ့ပါးတစ်ဖက်ကိုကိုင်ကာပြောလိုက်သည်။နေမင်းမောင်နေ့လယ်တုန်းကအိမ်ကိုခေါ်လို့လှိုင်းကိုအိမ်ပို့ပြီးမာမီ့အိမ်ကိုသွားပြီးအိမ်ထဲဝင်တုန်းရှိသေးမာမီရဲ့ရိုက်ချက်ကြောင့်နေမင်းမောင်အံ့သြ သွားရသည်။ငယ်ငယ်ထဲကအရမ်းစိတ်ဆိုးမှသာဆူတတ်ပေမယ့်ရိုက်တောင်မရိုက်တဲ့သူကိုခုမာမီကရိုက်လိုက်ခြင်းဖြစ်သည်။"မင်း!..မိဘမျက်နှာကိုအိုးမဲသုတ်တဲ့ကောင်!...မင်း..ဘယ်လိုများတွေးနိုင်ရတာလဲ..ယောကျာ်းတစ်ယောက်ကိုကြိုက်တာလဲ...မင်းအခြောက်လားဟမ်...နေမင်းမောင်...ငါ့မှာတော့ငါ့သားလေးတစ်ယောက်ထဲရှိလို့မျှော်လင့်ထားလိုက်ရတာ...မင်းကတော့ငါ့ကိုအကုန်စိတ်ပျက်အောင်လုပ်နေတယ်..."
နေမင်းမောင်ဘာမှမပြောဘဲခေါင်းသာငုံ့နေလိုက်တော့သည်။ဒယ်ဒီကတော့အော်သံတေကြားတာကြောင့်အခန်းထဲကနေပြေးထွက်လာကာ...
"ဘာဖြစ်နေတာလဲရတနာ...သားဘာဖြစ်တာလဲ..."
"ဘာဖြစ်ရမှာလဲ...ရှင့်သားလေ...လူကြားလို့မှမကောင်းယောကျာ်းတစ်ယောက်နဲ့ချစ်ကြိုက်တယ်တဲ့..."
". ...."ဦးနေလင်းဘာမှမပြောဘဲနေတောကြောင့်....
"ရှင်လည်းသိနေတာလား....ရှင်ဘယ်လိုဖအေလည်း...သားတစ်ယောက်လုံးလမ်းမှားရောက်နေတာကို...နေမင်းမောင်...ငါတစ်ခါထဲပြောလိုက်မယ်နော်...မင်းလက်ထပ်ရမယ့်...ယူရမယ့်လူကသက်လွှာတစ်ယောက်ထဲဖစ်ရမယ်...ပြီးတော့အဲ့ရောဂါသည်ကောင်ကိုဖြတ်ပြစ်...နောက်မှငါ့အဆိုးမဆိုနဲ့..."
"သား...သား..လှိုင်းကိုမခွဲနိုင်ဘူးမာမီ..ပြီးတော့သားသက်လွှာကိုမကြိုက်ဘူး...ပြီးတော့မာမီတို့ဘဲပြောထားတယ်လေ...ဒီ၂နှစ်တွင်းသားချစ်ရတဲ့သူတွေ့ရင်လက်ခံပေးမယ်ဆို...."
"အေး...အဲ့ဒါမိန်းကလေးကိုပြောတာ...ခုကယောကျာ်းလေးလေ...ငါလက်မခံနိုင်ဘူး..."
"သားသက်လွှာကိုမယူနိုင်ဘူးမာမီ..."
"မင်းအဆုံးထိဒီလိုဘဲလုပ်နေတော့မှာလား...ဘယ်တော့မှပြန်မပြင်တော့ဘူးပေါ့..."
![](https://img.wattpad.com/cover/304990937-288-k722282.jpg)