"လှိုင်းအဆင်ပြေရဲ့လားဒီအတောတွင်း..."
လှိုင်းသူ့ရှေ့မှာထိုင်နေတဲ့မောင့်ကိုကြည့်ပြီးဘာပြောရမှန်းမသိ။ကုန်တိုက်မှာလူတေဝိုင်းကြည့်ပြီးအနေရခက်တာကြောင့်လှိုင်းရဲ့ဆိုင်ကိုသာခေါ်ခဲ့လိုက်သည်။
"အင်း.."
နေမင်းမောင်ရှေ့ကချစ်ရသူလေးကိုရင်ခွင်ထဲထည့်ပြီးလွမ်းကြောင်းပြောချင်ပေမယ့်လှိုင်းကအေးစက်စက်ဖြစ်နေသည်။
"ဘေးနားကလှိုင်းသားလေးလား.."
ဘေးနားကရေခဲမုန့်စားနေတဲ့သားလေးကိုကြည့်ပြီးပြောလိုက်သည်။
"အင်း..ဟုတ်တယ်..."
"ဘယ်တုန်းကအိမ်ထောင်ကျသွားတာလဲ..."
မဟုတ်ပါစေနဲ့လို့ဆုတောင်းပေမယ့်သိချင်လိုစိတ်ကြောင့်ဘဲမေးလိုက်သည်။
"ငါ..ငါ..."
"ကိုလှိုင်းရေ...."
ခေါ်သံကြားတော့လှည့်ကြည့်လိုက်တော့လွမ်း...နာရီကိုကြည့်လိုက်တော့၁၂တောင်ထိုးပြီ..နေ့လည်စာလာစားသည်ထင်။
"ဗိုက်ဆာပြီကိုလှိုင်းရေ...ဘာဟင်းတေချက်လာ...ဖွီးးးး..."
ရေသောက်ရင်းပြောကာလှည့်ကြည့်လိုက်တော့ မနက်က ရီပြုံးမဲ့ CEO. ရှိတာကြောင့်သောက်နေတဲ့ရေတောင်ပြန်ထွက်သွားသည်။
"အာ...အကိုဒီနေ့ကုန်တိုက်ကထွက်လာပြီးတော့ဒီမှာရောက်နေတာ...ဗိုက်ဆာနေလား..အကိုအချက်ပေးမယ်..."
"ရပါတယ်ဗျ.... ဒါနဲ့ CEO ကဘယ်လို..."
"ဟမ်...CEO လဲ..."
"ကိုလှိုင်းကလဲအဲ့ရှေ့မှာထိုင်နေတဲ့လူကလွမ်းအလုပ်လုပ်နေတဲ့ကုမ္ပဏီပိုင်ရှင်လေ..."
ထိုအခါမှလှိုင်းလဲ...
"အာ...ဟုတ်လား..မသိလိုက်ဘူး.."
"ပါးပါး..တားဗိုက်ချာပြီ..."
သားပြောမှထမင်းမကျွေးရတာသတိရသည်။
"ဟုတ်သားဘဲ...ပါးပါးမေ့နေတာ..လာလာ..ပါးပါးလုပ်ပေးမယ်..."
"လွမ်းလေး.... ကိုယ့်ဘာသာလုပ်ရင်အဆင်ပြေတယ်မလား...သားသားကိုအကိုထမင်းကျွေးလိုက်အုံးမယ်..."
![](https://img.wattpad.com/cover/304990937-288-k722282.jpg)