10 Uni+ Zawgyi

987 44 0
                                    


        "သမီးထည့်စားနော်...."ဒေါ်ရတနာမောင်(နေမင်းမောင် မာမီ)ဆိုပြီးဟင်းထည့်ပေးလိုက်သည်။

     "ဟုတ်ကဲ့..အန်တီ.."

     ဒေါ်ရတနာမောင်ပြုံးပြလိုက်ပြီး...

     "သား...မင်းလည်းအိမ်ကိုမကြာမကြာလာလည်ပါအုံး...ဒီကမာမီကမျှော်နေရတာ..."

       နေမင်းမောင်မာမီ့အပြောကိုရယ်လိုက်ရင်း...

      "ဟုတ်ကဲ့ပါဗျ...သားကအလုပ်ရှုပ်နေလို့ပါ...သားလဲမာမီ့ကိုသတိရပါတယ်...."

      "တော်ပါ...ဒီမအေကြီးကခေါ်မှလာတာကိုများ...ဒါနဲ့..မင်းအိမ်ထောင်ပြုဖို့သင်ဲ့ပြီနော်...ဒါမှမဟုတ်မာမီစီစဥ်လိုက်ရတော့မလား..."

     "မာမီ...သား.."

     "ကဲပါ..ရတနာရယ်..ထမင်းကိုဖျောင့်ဖျောင့်စားပါစေအုံး..."

      "ရှင်ကလည်း...ရတနာကမြေးချီချင်ပြီ...ေချွးမလည်းအဆင်သင့်ရှိနေပြီ...ရှင့်သားဘဲမူနေတာ..မိန်းကလေးလဲမဟုတ်ဘဲနဲ့..."

      "ကဲပါ..မာမီရယ်...ဒီကိစ္စနောက်မှပြောရအောင်နော်..."

      နေမင်းမောင်ပြောလိုက်မှဒယ်ဒီနှင့်မာမီလဲငြင်းခုန်တာရပ်သွားသည်။သက်လွှာကိုကြည့်လိုက်တော့ထမင်းသာငုံ့စားနေသောကြောင့်စိတ်အေးသွားရသည်။ကိုယ်ကချစ်ရသူလှိုင်းရှိတယ်ဆိုပေမယ့်မာမီကမသိသေးတော့သက်လွှာကိုအားနာရသည်။

     ထမင်းစားသောက်ပြီးတော့နေမင်းမောင်ကတော့ဒယ်ဒီ့စာကြည့်ခန်းထဲမှာစကားပြောနေပြီးသက်လွှာကတော့မာမီနှင့်ဧည့်ခန်းထဲမှာစကားပြောနေသည်။

        "သမီး...အန်တီတစ်ခုလောက်ပြောချင်တယ်.."

      "ဟုတ်...ပြောပါအန်တီ..."

      "အန်တီသမီးကိုချွေးမတော်ချင်တယ်သမီး...ကမ်းလှမ်းတာပါ...သမီးနဲ့သားနဲ့ကလည်းရင်းနှီးနေတာကြာပြီဆိုတော့..သားကိုသမီးနဲ့အန်တီလက်ထပ်စေချင်တယ်...အန်တီမသေခင်လေးတော့သားကိုစိတ်ချချင်တယ်ကွယ်...သမီးမှာချစ်သူမရှိဘူးဆိုရင်အန်တီပြောတာဘယ်လိုသဘောရလဲဟင်..."

  "ဟို...အန်တီ..ကိုနေက..."

   "သားကအန်တီပြောရင်ရပါတယ်ကွယ်...သမီးဘက်ကသာသေချာဖို့လိုတာပါ.."

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now