3 Uni +Zaw

1.3K 61 0
                                    

လှိုင်းဆိုင်ကပြန်ရောက်သည်နှင့်ရေချိုးပြီးအိပ်ရာပေါ်တွင်ခနလှဲမိသည်။ ထို့နောက်ထပြီးမှန်တင်ခုံမှသူ့ပုံစံကိုကြည့်မိသည်။ အသက်၂၈ရှိပြီဆိုပေမယ့်လည်း ခန္ဓာကိုယ်ကပိန်ပိန်သွယ်သွယ်လေးနှင့်မိန်းကလေးတေတောင်အရှုံးပေးရသည်။ မျက်နှာဆိုသည်မှာလဲဖြူဝင်းနေပြီးရေချိုးပြီးသားဖြစ်၍ဆံပင်များသည်လည်းဖရိုဖရဲဖြစ်နေပြီး.ပါးနှစ်ဖက်မှာလဲရဲနေသည်။ သို့ပေမယ့်လည်ပင်းနားတစ်နေရာအရောက်ဆံပင်ကိုဖယ်လိုက်ပြီးလည်ပင်းနားလေးကအညိုရောင်အကွက်သေးသေးလေးကိုကြည့်လိုက်သည်။မဆီမဆိုင်နေ့လည်ကနေမင်းမောင်ဒီအကွက်လေးကိုမြင်သွားလာဆိုပြီးစိုးရိမ်စိတ်ဖြစ်မိသည်။သို့ပေမယ့်ဆံပင်ဖုံးနေ၍မြင်ရမည်မထင်။

ထိုအညိုကွက်လေး​ကြောင့်လှိုင်းဆံပင်ကိုအတိုမညှပ်ရဲ။အညိုကွက်လေးကသေးသေးလေးပေမယ့်ရောဂါကြောင့်ဖြူနေသောအသားကထိုအညိုကွက်လေးကိုမဖုံးပေးနိုင်။ဆံပင်ကိုအမြဲဂုတ်ထောက်လောက်လေးဘဲညှပ်ဖြစ်သည်။ ထို့ကြောင့်တချို့ကျတော့လည်း လှိုင်းကို Tomboy. လို့အထင်မှားကြပြီးတချို့ကျတော့လည်း အခြောက်လို့ထင်ကြသည်။

သို့ပေမယ့်လှိုင်းစိတ်မကွက်ပါ။ကိုယ့်ဘဝကိုယ်သိရမယ်လေ။ လှိုင်းတို့ကမိသားစုဆိုလို့မေမေနဲ့လှိုင်းဘဲရှိတယ်။ေမေမေကလည်းတစ်ဦးတည်းသောသမီးဆိုတော့ဆွေမျိုးသားချင်းမရှိ။လှိုင်းကျပြန်တော့လည်းတစ်ဦးတည်းသောသား။လှိုင်းဖေဖေကတော့လှိုင်းအသက်၂၀မှာဆုံးသွားပြီးဖေဖေဆေးပင်စင်နဲ့စာအုပ်ဆိုင်ကရတဲ့ပိုက်စံလေးနဲ့ လောက်ငှပါတယ်။

လှိုင်းအလုပ်လုပ်မယ်ဆိုပြီးထွက်လုပ်တဲ့ချိန်တုန်းကလူတေကလှိုင်းကိုအထူအဆန်းလိုကြည့်ကြတဲ့တွက်လှိုင်းမွန်းကြပ်ပေမယ့်လှိုင်းမေမေတွက်လှိုင်းအားတင်ပြီးလုပ်ခဲ့တယ်။ဒါပေမယ့်အလုပ်ကပြန်လာပြီဆိုအိပ်ခန်းထဲမှာအမြဲတမ်းထိုင်ငိုတတ်သည်။ဒါမယ့်တစ်နေ့မေမေကတွေ့သွားပြီးမေမေကစိတ်မကောင်းဖြစ်ပြီးအလုပ်မလုပ်ခိုင်းတော့ဘဲလှိုင်းတွက်ဆိုပြီးစာအုပ်ဆိုင်လေးကိုအရင်းနှီးထုတ်ပြီးဖွင့်ပေးခဲ့သည်။

မောင့်ရဲ့ဖြူလုံးလေးWhere stories live. Discover now