Ep-(2)

1.1K 98 0
                                    

အိမ်ပြန်ရောက်တော့ အမေပြင်ပေးထားတဲ့ ထမင်းစားပွဲနားတောင်မသွားနိုင်ပဲ အပေါ်ထပ်ကိုတန်းတက်ပြီး အိပ်ယာပေါ်ပစ်လှဲလိုက်တယ် တကယ်ကိုပြာယာခက်ပြီး ပင်ပန်းတဲ့နေ့တစ်နေ့ပါလားလို့တွေးရင်း ဖုန်းစခရင်ကိုဖွင့်ပြီး လိုင်းသုံးနေတုန်း အမေက

"ချူးရေ ထမင်းစားပြီးမှနားပါလား အမေပြင်ထားတုန်း ပူပူလေးစားလိုက် လာပါကလေးရယ်"

အမေကအတင်းဇွတ်ခေါ်နေတာကတစ်ကြောင်း အမေနဲ့ပြိုင်ပြောဖို့အားမရှိတာကတစ်ကြောင်း မငြင်းတော့ပဲ အမေ့နောက်ကိုအသာတကြည်လိုက်သွားလိုက်တယ်

"ပြောပါဦး ငါ့သမီးရဲ့ ကျောင်းတက်ရတာအဆင်ပြေရဲ့လား"
ပါပါးက စီးမေးလိုက်တော့
"အဆင်ပြေပါတယ် ဘာမှထွေထွေထူးထူးမရှိပါဘူး ပါပါးရဲ့"

"ရည်းစားတွေဘာတွေမထားနဲ့ဦးနော် သမီးက ခုမှကလေးပဲရှိသေးတာ"

"အခုမှကျောင်းတက်တာ ပထမရက်ပဲရှိသေးတာကို ပါပါးက ဘာတွေတွေးပူနေတာလဲ သမီးကိုမယုံဘူးလား"

"မယုံလို့မဟုတ်ပါဘူးကွယ် ပထမဆုံးနေ့တောင် အဖေကိုနှုတ်ဆက်ဖို့မေ့နေတာ နောက်ဆို ရည်းစားများရရင် ကိုယ့်သမီးမျက်နှာကိုတောင်မြင်ရပါဦးမလားပဲ"

ဟောဇာတ်လမ်းကစပြီ မနက်ကနှုတ်ဆက်ဖို့မေ့သွားလို့ ပါပါးစိတ်ကောက်တော့မယ်ဆိုတာ သိနေပင်မဲ့ ရည်းစားကိစ္စတွေပါထည့်ပြောပြီးပွစိပွစိလုပ်မယ်လို့တော့မတွေးခဲ့မိဘူး ဒီအခြေနေကိုတော့ အမေကပြုံးစိစိနဲ့ နားထောင်နေလေရဲ့ ပါပါးကတော့ တတွတ်တွတ်နဲ့ပြောနေတာမပြီးတော့လို့ ကျွန်မက မျက်စပစ်ပြီး အမေ့ကိုသတိပေးလိုက်မှ အမေက

"တော်ပါတော့ ဖေကြီးရယ် ဟင်းတွေအေးကုန်တော့မယ် သမီးလေးလည်းဗိုက်ဆာနေရောပေါ့ ထမင်းစားကြရအောင်ပါ"

အမေက၀င်ပြောမှ ပါပါးလည်းစကားပြောတာရပ်လိုက်တော့တယ် အဲ့အချိန်မှာ ကျွန်မရဲ့ဖုန်းသံကမြည်လာတယ်

ကလင် ကလင် ကလင်..............

ထမင်းစားနေရာက ထွက်လာပြီး ဖုန်းကိုကြည့်လိုက်တော့ နီနီကဆက်နေတာ

ဆူး နဲ့ ငယ်Where stories live. Discover now