Ep-(17)

630 49 0
                                    

"ဝါးးးးးကင်မ်ချီထမင်းကြော်အနံ့လေးက မွှေးနေတာပဲ...."

ဆံပင်တွေကိုတောင်ပြောင်အောင်မသုတ်ပဲရေချိုးခန်းကနေထွက်လာပြီး..မီးဖိုထဲကိုတန်းရောက်လာကတည်းက ...ချူး ဘယ်လောက်ထိဗိုက်ဆာနေလဲဆိုတာချယ်သိပါတယ်...။

"အခုထိ မရသေးဘူး....သွား ဆံပင်တွေကိုခြောက်အောင်သွားသုတ်လိုက်ပါဦး..."

"ချယ် dryer နဲ့ခြောက်အောင်လုပ်ပေးလေ..."

"ဘာလို့လဲ...မ.. ကိုယ့်ဘာကိုယ်လုပ်လို့ရနေတာပဲကို.."

"ဟာ..ဒီ ချယ်နဲ့တော့ roလို့ကို...မရပါဘူး..."

"ဪ...အဲ့လိုလား..?စောစောကပြောလေ....ခနစောင့် ချယ်လာပြီ.."

"လာမနေနဲ့တော့ ....ကိုယ့်ဘာသာပဲခြောက်အောင်လို့သုတ်လိုက်တော့မယ် တကယ်ပါပဲ...roချင်တာတောင်roလို့မရတဲ့ဘဝ...."

မ ဘာကိုဆိုလိုချင်တယ်ဆိုတာ သိပင်မဲ့ အတတ်နိုင်ဆုံး မ ကိုရှောင်မှဖြစ်မယ်...ကိုယ့်စိတ်ကိုထိန်းမှပါ....ဘာမှမပြင်မဆင်ထားပဲ
ချယ့်ရှပ်အင်္ကျီလေးတစ်ထည်တည်းဝတ်ထားတာတောင် သေလောက်အောင် sexyကျနေပြီး....ရေစိုနေတဲ့ဆံနွယ်လေးတွေက ချယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းကိုစမ်းသပ်နေသလို......။

"ပေးပါ ချယ် ကူပြီးခြောက်အောင်သုတ်ပေးမယ်.."

"အစတည်းက အဲ့လိုလုပ်မှပေါ့...လိုက်ပြောနေရတာပဲ....."

"အခု ချယ် အဆူခံလိုက်ရတာလား....? ဒီခံစားချက်လေးကတစ်မျိုးပဲ..မေမေ့ကိုတောင်သတိရသွားတယ်.."

"ရှေ့လျှောက်...ချူးက ချယ်ရဲ့အုပ်ထိန်းသူပဲနော် နားလည်လား.....?"

"ဟုတ် နားလည်ပါပြီ..."

"တို့ ချယ်လေးကလိမ္မာလိုက်တာ..."

"မ ဆံနွယ်လေးတွေက အိပြီးဖြောင့်စင်းနေတာပဲ...."

"ဟုတ်လား...?"

ရေချိုးပြီးကာစမို့များလား...? မ အနားက မွှေးကြိုင်နေတယ်....။ထိတွေ့နေရတဲ့ မရဲ့အိစက်နေတဲ့ဆံနွယ်လေးတွေဆီက ရှန်ပူနံ့သင်းသင်းလေးက....ကိုယ်နေ့တိုင်းသုံးနေကျ ရှန်ပူပင်မဲ့....မ အနားကရတဲ့ မွှေးရနံ့လေးကတစ်မျိုးလေး .....မဆံနွယ်လေးတွေကိုခြောက်အောင်သုတ်ပေးရင်း...ကိုယ့်ရှေ့မြင်ကွင်းထဲက မရဲ့ကောက်ကြောင်းလေး....ကိုယ့်မှာတံတွေးမျိုချရုံကလွဲလို့......တစ်ခြားတတ်နိုင်တာများရှိပါဦးမလား...?

ဆူး နဲ့ ငယ်Where stories live. Discover now