Ep-(5)

889 74 0
                                    

မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားတဲ့ကျေးဇူးနဲ့  ကျောင်းရောက်တော့ ဆရာမစာသင်နေလည်းစိတ်ကမပါ စာထဲလည်းစိတ်ကမရောက် နေရထိုင်ရတာလည်းအဆင်မပြေ ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းကိုမသိပါဘူး ဆက်ထိုင်နေလည်းမထူးတဲ့အတူ စာသင်ချိန်ကနေလစ်ထွက်ပြီး ကျောင်းထဲကပန်းခြံထဲမှာသီချင်းနားထောင်ရင်းထိုင်နေလိုက်တယ်။

' အဲ့အချိန် '

"ခနလေးနေပါ မသွားပါနဲ့ ခုထိစကားပြောလို့မှမပြီးသေးတာ"

"တော်ပြီ ငါ့ကိုလွှတ် ငါတို့ရဲ့ပတ်သက်မှုက ဒီမှာတင်ပြီးပြီ"

"ချယ် မိုးတောင်းပန်ပါတယ် မိုးကိုအဲ့လိုမလုပ်ပါနဲ့ နောက်ဆို ချယ်မကြိုက်တာဘာမှမလုပ်တော့ပါဘူး ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ"

"တော်ပြီ မိုး နင့်စကားတွေက ဖန်တရာထပ်နေပြီ ပြီးတော့ ငါ့ရင်ထဲမှာလည်း တခြားတစ်ယောက်ရောက်နှင့်နေပြီ"

ချယ်နဲ့သူ့ချစ်သူထင်ရတဲ့ကောင်မလေးတို့စကားများနေကြတာ ကျွန်မနဲ့မနီးမဝေးမှာရှိနေတာမို့အကုန်ကြားနေရတာပေါ့ ချယ့်အကြောင်းဆိုသိချင်တဲ့စိတ်ကများနေတော့ နားထောင်နေတဲ့သီချင်းကိုရပ်ပြီး သူတို့ကိုကြည့်နေမိတယ် ပြီးတော့သူရဲ့ချစ်သူက မိန်းကလေးဖြစ်နေတော့ပိုပြီးလည်း အံ့ဩမိတယ် အစတည်းက ချယ့်ပုံစံက ကျားကျားယားယားပင်မဲ့ ကောင်မလေး‌ထားမယ်တော့မထင်ထားပါဘူး အခုတော့ သူနဲ့တွဲနေတဲ့သူက မိန်းကလေးဆိုတာသိပြီးတဲ့နောက် ဘာမဆိုင်ညာမဆိုင် ကျွန်မနှလုံးသားလေးက ခုန်နှုန်းပိုမြန်လာသလို......။

ချူး နင်ဘာဖြစ်နေတာလည်း ကိုယ့်စိတ်ကိုထိန်းစမ်း သူကမိန်းကလေးချင်းကြိုက်တော့ဘာဖြစ်လည်း နင်ကမှမဟုတ်တာ ပြီးတော့နင်နဲ့လည်းဘာမှဆိုင်တာမဟုတ်ဘူး နှလုံးသားလေးရေ နင့်ရဲ့အချက်ပြသံက ဒီတစ်ခါတော့ မှားလို့နေပြီ လို့တွေးရင်း ရင်ဘတ်ကိုထုနေတုန်း......

"ချူးးးး"

ရုတ်တရက် ကျွန်မ‌ရှေ့မှာဒူးထောက်ပြီး ကျွန်မလက်ကလေးကိုဆုပ်ကိုင် ကျွန်မနာမ်မည်ကိုညင်ညင်သာသာခေါ်လာတဲ့ ချယ့်ကိုကြည့်ပြီး ကျွန်မမျက်လုံးအပြူးသားနဲ့

ဆူး နဲ့ ငယ်Where stories live. Discover now