Ep-(15)

591 45 0
                                    

ချယ့်မှာသိပ်ကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုမပိုင်ဆိုင်ခဲ့ရပင်မဲ့...ချယ့်အသက် ၁၂နှစ်‌‌လောက်ထိ... မေမေချယ့်ဘေးမှာရှိတဲ့အချိန်ထိ...ပျော်ဖို့ကောင်းခဲ့တာပေါ့....။အဓိက ကအဖေပါပဲ...အဖေကအိမ်ပြန်ရောက်တာနဲ့ မေမေ့ကိုဆူငေါက်တယ်...မူးလာရင်လက်ပါတယ်...ပစ္စည်းတွေရိုက်ခွဲ..သိပ်ကိုသွေးဆိုးတဲ့သူမျိုးပေါ့...။မေမေကတော့ ချယ့်မျက်နှာလေးကြည့်ပြီး သည်းခံရှာတယ်.... မေမေအဆင်ပြေလားမေးရင်...သမီးလေးရှိတာကိုကမေမေ့ဘဝအတွက်ဆုလာဘ်ပါပဲတဲ့....။'တစ်ခြားကိစ္စတွေခေါင်းထဲထည့်မနေဘူး...သမီးကိုလည်းအဲ့လိုပဲ‌ တွေးစေချင်တယ်...သမီး‌ဖေဖေကဒီလိုလူမျိုးဖြစ်နေလို့ စိတ်ဆိုးတာ..စိတ်အားငယ်တာမျိုးမဖြစ်နဲ့...သမီးမှာ သမီးကိုသိပ်ချစ်တဲ့ ဟောဒိကမေမေရှိတယ်ဆိုတာကို အမြဲသတိရနေရင်ရပြီ...'မေမေအမြဲပြောခဲ့တဲ့စကားပေါ့...။မေမေ့မျက်နှာကို အဖေထိုးကြိတ်ထားလို့ ဖူးယောင်နေရင်တောင် မေမေကအမြဲလှနေတာပါ..ဘာကြောင့်ဆို တောက်ပတဲ့အပြုံးတွေကြောင့်ပေါ့...မေမေ့မျက်လုံးမှာမျက်ရည်တွေစို့နေရင်တောင်
ချယ့်ကိုမြင်တာနဲ့ပြုံးပြတတ်တဲ့မေမေပါ... ။ တစ်နေ့..... မေမေနဲ့ချယ်တို့အတူ အဖွားကို‌တွေ့ဖို့သွားနေတဲ့လမ်းမှာ ကား accidentဖြစ်တယ်... အဲ့အချိန်မှာချယ့်မေမေကို ဆုံးရှုံးလိုက်ရတာပါ....ကံကောင်းတာလားကံဆိုးတာလားမသိပင်မဲ့....ချယ်ကတော့အသက်ရှင်နေခဲ့ရတယ်....ဆရာဝန်တွေရဲ့ကျေးဇူးတွေကြောင့်ပဲပေါ့...ချယ့်ကိုရအောင်ကယ်ခဲ့ကြတယ်....။နောက်မှသိတာက...မေမေသေရတာကအဖေရဲ့ပယောဂကြောင့်ဆိုတာပါပဲ.....ချယ့်အဖေဘာလုပ်တယ်ဘယ်လိုလူမျိုးဆိုတာအဲ့အချိန်မှချယ်သိခဲ့ရတယ်.....။‌အဖေက ငယ်ငယ်က လူမိုက်ဂိုဏ်းတစ်ခုမှာကြီးပြင်းခဲ့ရပါတယ်တဲ့.... ကြေးစားလက်ဝှေ့ထိုးပွဲတွေဆို အဖေကသိပ်ကြိုက်တယ် ကြေးကြီးကြီးနဲ့လောင်းတာမျိုး...တစ်ခါတစ်လေ သူမွေးထားတဲ့တပည့်တွေကိုဝင်ထိုးခိုင်းတာမျိုးလုပ်လေ့ရှိတယ်....။အဲ့ကိစ္စတွေကြောင့်ပဲ မေမေနဲ့အမြဲရန်ဖြစ်ခဲ့ရတာပေါ့...မေမေနဲ့ယူပြီးရင် ဒီဝါသနာတွေကိုစွန့်လွှတ်ပါ့မယ်ပြောပင်မဲ့....‌ချယ်မွေးပြီးတဲ့အထိ အဖေကမစွန့်လွှတ်နိုင်ခဲ့ပါဘူး....မေမေဆုံးပြီးတဲ့အချိန်ထိလည်း ‌အဖေက..ဆက်ပြီးလောင်းကစားတွေလုပ်နေတုန်းပဲ....။မေမေရှိစဉ်ကတော့..အဖေ ဖြုန်းသမျှ မေမေကပြန်ရှာပေးခဲ့တယ်...စားဝတ်နေရေးပြေလည်ရုံလေးဆိုပင်မဲ့လည်းပေါ့...။မေမေမရှိတော့ အိမ်ကဝင်ငွေလည်းမရှိတဲ့အပြင် တဖြေးဖြေး အကြွေးတွေပါတင်လာတယ်...အိမ်ကိုလည်းအကြွေးနဲ့သိမ်းတာခံလိုက်ရတယ်.....အကြွေးရှင်တွေကလည်း ချယ်တို့ပြောင်းတဲ့အိမ် နေရာတိုင်းကို လာရှာတယ်...နောက်တော့ အဖေကချယ့်ကိုထားပြီးထွက်သွားခဲ့တယ်...။ခုချိန်ထိဘယ်နေရာမှာ ဘယ်လိုရှိနေလည်း ချယ်မသိပါဘူး....ချယ်ကတော့အကြွေးတွေကိုဆပ်နိုင်ဖို့ အလုပ်မျိုးစုံလုပ်ပြီးကြိုးစားခဲ့ရတာပေါ့....။ဒီထဲမှာ ချယ်သိပ်ကိုမုန်းပြီး...မလုပ်ချင်ဆုံးအလုပ်က....ကြေးစားလက်ဝှေ့သမား ပါ။‌အဖေအကြွေးတင်ခဲ့တဲ့ ကြေးစားရုံပိုင်ရှင်က သူ့အကြွေးတွေကို သူ့အလုပ်သမားအဖြစ်လုပ်ပြီးဆပ်ဖို့တိုက်တွန်းခဲ့တယ်.....။အဖေက ချယ်ငယ်ငယ်တည်းက လက်ဝှေ့ပညာကိုသူကိုယ်တိုင်သင်ပေးခဲ့တာမို့ ချယ်ကအတိုက်အခိုက်ကျွမ်းကျင်မှန်း သူတို့ကသိနေတယ်လေ ....ဒီအလုပ်မှမလုပ်ရင်လည်း...ဒီအကြွေး..ဒီတစ်သက်မကြေနိုင်....။ငယ်ငယ်တည်းကအဖေကမေမေ့ကို ရိုက်နှက်နေတာတွေမြင်ရတာ သိပ်မုန်းတယ်.......။ချယ် တခြားသူကို ထိုးကြိတ်သတ်ပုတ်ရတာကိုလည်းသိပ်ကိုမုန်းတယ်....ဒါပင်မဲ့လည်း..ဒါကချယ့်ဘဝရဲ့အသက်မွေးဝမ်းကြောင်းဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ကျောင်းကပိုက်ဆံရှိပြီးချမ်းသာတဲ့ကောင်တွေရဲ့အရှုပ်တွေရှင်းပေးရတာမျိုး..သူတို့ကိုယ်စား ရန်ဖြစ်ရတာမျိုး တိုက်ခိုက်ရတာမျိုးတွေက...တခြားအလုပ်တွေထက်ဝင်ငွေပိုကောင်းနေတော့
ချယ့်ရဲ့အကြွေးတွေအမြန်ပြန်ဆပ်နိုင်ဖို့က ဒီနည်းလမ်းကအကောင်းဆုံးလို့ထင်ခဲ့တာ....ဒါပင်မဲ့....တကယ်တမ်း ဒီနယ်ပယ်ထဲရောက်လာတော့ ကိုယ့်လမ်းကရန်သူတွေပိုများလာတယ်....ပိုပြီးတိုက်ခိုက်...ထပ်ပြီးထိုးကြိတ်....ဒီလိုနဲ့..ငြီးငွေ့စရာကောင်းတဲ့ဘဝကိုဖြတ်သန်းလာခဲ့ရတာ...မ ကိုမတွေ့ခင်အထိပေါ့....။မ ကို ချယ်သိပ်ချစ်တယ်..မကို ချယ့်ကြောင့်ထိခိုက်တာမျိုး ချယ်အဖြစ်မခံနိုင်ဘူး....ဒါကြောင့်..ချယ်ဒီလောကထဲက ထွက်နိုင်ဖို့ကြိုးစားနေခဲ့ပင်မယ့် ထင်သလောက်မလွယ်...ချယ်က ဒီလိုလူမျိုးပါဆိုတာမျိုးကိုလည်း မ ကိုမသိစေချင်...... သို့ပင်မဲ့လည်း ခုတော့.…......။

ဆူး နဲ့ ငယ်Where stories live. Discover now