Ep-(12)

648 52 0
                                    

"သမီး....ဦးရဲ့သမီးကို...ချစ်ပါတယ်........"

"သမီးပြောချင်တဲ့အဓိပ္ပာယ်က......"

"သမီး ချူးကို ချစ်တယ်......အချစ်ဆိုတာကအရာရာကိုမပြည့်စုံစေနိုင်သလို ချူးအတွက်သမီးရဲ့အချစ်တွေကဘယ်လောက်အရေးပါအ‌ရာရောက်နိုင်မှန်းမသိပါဘူး... ဒါပင်မဲ့ ချူးကိုချစ်တယ်... ချူးပျော်နေတာကိုပဲမြင်ချင်တာပါ... သမီးကြောင့်ချူးမပျော်ရပဲ ၀မ်းနည်းရတဲ့နေ့တွေများလာရင် သမီးအလိုအလျောက်ချူးဘ၀ထဲကထွက်သွားမှာပါ... ချူးသာဖြစ်စေချင်ရင် ဘာမဆိုလိုက်လျောပေးနိုင်တယ်... ဒါကိုမေတ္တာပါလို့ ဦးတို့ ခေါင်းစဉ်တပ်ချင်မလားမသိပင်မဲ့ သမီးအတွက်တော့ချူးရဲ့ပျော်ရွှင်မှုကအရာရာပါ......."

အို....ချယ်ရယ် စကားတွေတတ်နေလိုက်တာ ပါပါးနဲ့မေမေသာမရှိရင် သူ့ကိုတင်းကြပ်စွာဖက်ထားမိမှာ ပါပါးတော့လိုချင်တဲ့အဖြေရလားမသိပေမဲ့ ကိုယ်တော့ငယ့်ကိုထပ်ပြီးကြွေမိပြန်ပြီ.....။

"သမီးက ဒီလိုအဖြေနဲ့ဦးကိုခေါင်းစဉ်တပ်ပြီးပြန်မေးလိုက်တာပေါ့.... ဟုတ်ပြီ ဦးတို့သဘောကတော့ ချူးလေးရဲ့ဆုံးဖြတ်နိုင်စွမ်းကိုယုံတယ် သမီးကသာ ချူးလေးအပေါ်ကိုမေတ္တာစစ်မေတ္တာမှန်နဲ့သာဆိုရင် ဦးတို့ကတော့ဘာမှဝင်ပြောမှာမဟုတ်ပါဘူး...."

"ဟင် ပါပါးးး ဒါ ပါပါးတို့ သမီးကိုချယ်နဲ့သဘောတူတယ်လို့ပြောတာလားဟင်...?"

"ဘာလဲ မေ့သမီးလေးက မေမေတို့ ခွင့်မပြုလောက်ဘူးလို့တွေးထားတာလား...?"

"အဲ့လိုတော့မဟုတ်ပင်မဲ့ ဒီလိုလွယ်လွယ်နဲ့ခွင့်မပြုလောက်ဘူးလို့ထင်ခဲ့တာ..."

"ပါပါးတို့လည်းလွယ်လွယ်ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး သမီးပျော်ဖို့ကအဓိကမို့ သမီးဆုံးဖြတ်ချက်ကိုအလေးပေးတာ...."

ရုတ်တရက် မက ကျွန်မလက်ကိုစားပွဲ‌အောက်ကနေ လှမ်းကိုင်လိုက်တယ်... မရဲ့မိဘတွေမြင်သွားမလား ကြောက်နေခဲ့ပင်မဲ့ မကတော့ ဘာမှဂရုမစိုက်ပဲ ပြုံးပြနေတယ်.... မအရမ်းပျော်နေတာ သိသာပါတယ် ဒီအပျော်ကကျွန်မကြောင့်ဆိုတာသိရတော့ ကျွန်မလည်းပျော်ပါတယ်... လူနှစ်ယောက်အတူလက်တွဲပြီးလျှောက်တဲ့ဘ၀ခရီးမှာ နှစ်ယောက်လုံးပျော်ဖို့ကအဓိကမဟုတ်လား....?

ဆူး နဲ့ ငယ်Where stories live. Discover now