"ငယ် ခုနက ဘာဖြစ်တာလဲ...?အဲ့လိုကြီးတိုက်ရိုက်ပြောလိုက်တော့ ဆောင်းနှင်းမေစိတ်မကောင်းဖြစ်သွားမှာပေါ့...."
"မသိဘူးဗျာ...မ ဘေးနားမှာရှိနေချင်တာ ပြီးတော့...နှစ်ယောက်တည်းပဲရှိချင်တာ....ဟန်ဆောင်နေဖို့အချိန်မရှိဘူး....အဲ့ကလေးက အရိပ်အကဲလည်းမသိဘူး....သူလုပ်ချင်ရင်ဇွတ်လုပ်တာ...အဲ့တာကြောင့် အပြတ်ပြောထားမှရမယ်...."
အခုကျတော့လည်း....ငယ်က သိပ်ပြတ်သားပြနေပြန်ရော........။
"မုန့်စားရင်းနဲ့ Tvကြည့်ရအောင်.... ငယ် နဲ့အတူကြည့်ဖို့ဆိုပြီး moviesတွေdownထားတယ်...မုန့်တွေကို ဆိုဖားနားမှာပဲထားလိုက် ငယ်...မ အဝတ်သွားလဲလိုက်ဦးမယ်..."
"အဝတ်မြန်မြန်လဲနော် ဗိုက်ဆာနေပြီ...."
"ဟင်....ချယ် ကကောအဝတ်တွေမလဲတော့ဘူးလား....?အပြင်မှာတစ်နေကုန်လျှောက်သွားထားတဲ့အဝတ်တွေကို....."
"ချယ် လည်းလဲရဦးမှာလား...?မလဲချင်ဘူး ပျင်းတယ်... မ လဲပေးရင်တော့လဲမယ်လေ..."
"တော်ပါ ကိုယ့်ဘာကိုယ်လဲချင်လဲ မလဲချင်နေ....အဲ့အဝတ်တွေနဲ့တော့အနားလာမကပ်နဲ့...ခပ်ဝေးဝေးနေ ဒါပဲပြောမယ်...."
"အင်းပါ အင်းပါ လဲပါ့မယ်....လဲရင်ရပြီမလား...?တကယ်ပါပဲ အသန့်ကလည်းကြိုက်တတ်လိုက်တာ......"
"မြန်မြန်အဝတ်လဲပြီးလာခဲ့ ဇာတ်ကားကစနေပြီနော်..."
"ဟာ တကယ်ပဲ.... အကျင့်ပုတ်လိုက်ပြန်ပြီ"
သူ့ရင်ခွင်ထဲကနေ ဇာတ်ကားလေးကြည့်လိုက် သူခွံ့ကျွေးတဲ့မုန့်တွေစားလိုက်နဲ့ ကိုယ်က ကလေးပြန်ဖြစ်နေပြီ....တစ်နေကုန် သူ ကလေးလုပ် ချွဲလိုက်နွဲ့လိုက်လုပ်ထားခဲ့သမျှ အခု ကိုယ်လက်စားပြန်ချေရမယ့်အချိန်ကိုရောက်ရှိလို့လာပြီလေ....ကိုယ့်အလှည့်ကျမနွဲ့စတမ်းပေါ့ ငယ်ရေ....ဟဲ..ဟဲ..ဟဲ......။
"မ ရွေးထားတဲ့ရုပ်ရှင်ကပျင်းစရာကြီး ကြည့်လို့လည်းမကောင်းဘူး....ဒီတစ်ခါ ချယ် ကြည့်ချင်တဲ့ကားကြည့်မယ်....."
"ဟင် စိတ်ဝင်စားဖို့ကောင်းပါတယ်....ချယ် ကဘယ်ကားကိုကြည့်ချင်လို့လည်း......?"
YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...