ဆောင်းနှင်းတွေကဖွေးနေအောင် လမ်းမပေါ်မှာနေရာယူထားတယ်...ရှည်လျားလွန်းတဲ့ကားတန်းကြီးထဲမှာ..ချယ့်ကားလည်းအပါအဝင်.... ။နှစ်သစ်ကူးတော့မှာမို့ အပြိုင်အဆိုင်အိမ်ပြန်နေကြတယ်ထင်ရဲ့.....မနက်ထဲက လေယာဉ်ကွင်းကိုဦးတည်ပြီးမောင်းလာတဲ့ ကျွန်မရဲ့ကားလေးကတော့ တဖြေးဖြေးရွေ့လို့......။ အလုပ်တွေအမြန်လက်စသတ်ပြီး မ ဆီကိုအမြန်သွားဖို့ကိုယ်စီစဉ်လိုက်ရတယ်...အချိန်အကြာကြီးပစ်ထားလို့ မ နဲ့တကယ်ဝေးသွားမှာကိုယ်အကြောက်ဆုံးပဲ..မ ကလွဲရင်ဘယ်အရာမှကိုယ့်အတွက် အရေးမပါ...တန်ဖိုးမရှိ......။
။။။။။။။။။။။။။။။။။။။။
ကိုးရီးယားလေဆိပ်မှာလည်း လူတွေပြည့်လို့ အိမ်ပြန်လာတဲ့သူတွေရော...ခရီးထွက်ဖို့ပြင်နေတဲ့သူတွေရော....မနည်းကိုလေဆိပ်ထဲကထွက်လာရတယ်......။တက္ကစီကိုအမြန်တားပြီး မ ရှိတဲ့ကုမ္ပဏီဆီသို့ အပြေးနှင်ရတော့တယ်.....။.ဟိုကအလုပ်ကလည်းရှိတော့ မ ဆီကိုချက်ချင်းလိုက်လာပြီးမဖြေရှင်းနိုင်ခဲ့ဘူး....အရမ်းကြီးနောက်မကျဖို့ပဲမျှော်လင့်နေမိတော့တယ်........။
။။။။။။။။။။။။။။။။။။။။
"ဒါရိုက်တာကြီး ဧည့်သည်ရောက်နေပါတယ်...ချယ် လို့ပြောလိုက်ရင် ဒါရိုက်တာကြီးသိတယ်လို့ပြောပါတယ်....အထဲကိုလွှတ်လိုက်ရမလားရှင့်......"
reception က စာရေးရဲ့ မျက်နှာကိုပဲစိုက်ကြည့်နေမိတယ်....တို့ဒါရိုက်တာကြီးက ဘယ်လိုအဖြေပြန်ပေးမလဲဆိုတာ....အခုပြန်လာတဲ့ကိစ္စနဲ့ပတ်သက်ရင် အရမ်းအရေးကြီးတယ်မဟုတ်လား....?
"တောင်းပန်ပါတယ်ရှင်.....ကြိုမချိန်းထားရင်မရလို့ပါ...ပြီးတော့ အခု ဒါရိုက်တာကြီးရဲ့အခန်းထဲမှာဧည့်သည်ရှိနေလို့ပါ....."
"စောင့်နေရင်ကော....စောင့်နေရင်ရတယ်မလား....?ဖုန်းပြန်ဆက်ပေးပါ....အားတဲ့အချိန်ထိ lobby မှာစောင့်နေပါ့မယ်လို့......"
"ဒါက.........."
"တောင်းဆိုတာပါ......ဒါရိုက်တာနဲ့ ဒီနေ့တွေ့ရမှကိုဖြစ်မှာမလို့ပါ......"
"ဟုတ်ကဲ့ ဒါဆို နောက်တစ်ခေါက်ဆက်ပေးပါ့မယ်....ဟိုဘက်မှာထိုင်စောင့်နေပေးပါနော်.."
YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...