Ep-(18)

692 48 0
                                    

ခန်းဆီးကို‌ဖောက်ထွက်ပြီး ဖြာကျလာတဲ့နေရောင်ကြောင့် အိပ်နေရာကနေနိုးလာတော့ ကိုယ့်ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်နေတာက မ.....။အိပ်မောကျပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေပုံက ဖြူစင်တဲ့ကလေးတစ်ယောက်လိုပါ...မ နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး...မ မနိုးအောင်အသာလေးအိပ်ယာကနေ ထလာခဲ့ရတယ်......ကိုယ့်ချစ်သူလေးနိုးလာရင်စားဖို့ တစ်ခုခုတော့ပြင်ဆင်ရမယ်မဟုတ်လား..?မနေ့ညကကိစ္စကြောင့်လည်း ပင်ပန်းနေမယ်ထင်တယ်....။

မီးဖိုချောင်ထဲကနေ ချက်ပြုတ်သံတွေကြောင့် နိုးလာတော့ ဘေးမှာချယ်ကရှိမနေပါ....ချယ်တင်မဟုတ်..ကျွန်မကိုယ်ပေါ်မှာလည်း အဝတ်တစ်ထည်ပင်မရှိ...ဒီတော့မှ ‌မနေ့က နှစ်ယောက်သားဘယ်လောက်ထိဖက်တွယ်ခဲ့ကြတယ်ဆိုတာကို သတိရမိတော့...ကိုယ့်မှာမျက်နှာတစ်ခုလုံးပန်းရောင်သန်းလာရတယ်.....။

"မ နိုးပြီလား...?"

ချယ့် အသံကြားတော့ ချယ့်ကိုမျက်နှာမပြရဲတာနဲ့ စောင်ခေါင်းမူးခြုံပြီးအိပ်ချင်ယောင်ဆောင်နေလိုက်တယ်.....။

"အခုထိမနိုးသေးဘူးလား....?အခု ထရမယ့်အချိန်တောင်ရောက်နေပြီလေ.....။

ကုတင်စောင်းမှာထိုင်ကာ မရဲ့ ‌စောင်လေးကိုဖြေးဖြေးချင်းဖယ်လိုက်တော့မှ.....မ ရဲ့မျက်နှာလေး‌ပေါ်လာတယ်.... မျက်လုံးလေးကလှုပ်စိ လှုပ်စိနဲ့ ဒါသေချာပေါက်အိပ်ချင်ယောင်ဆောင်နေတာ.....မနေ့ညက သူမဟုတ်တာကျလို့ ရှက်နေလိုက်တာများ....ကိုယ်လည်းသိသိရက်နဲ့ စောင်ကိုဆွဲချမယ်လုပ်တော့မှ....လက်နဲ့ဖမ်းဆွဲထားတယ်....ပြီးတော့..အံ့ဩပြီး ရှက်ယောင်သန်းနေတဲ့ မျက်နှာလေးနဲ့.........။

"အင်း နိုးပြီ နိုးပြီ...."

"ဘာလဲ....?ရှက်လို့အိပ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူးလား....?

"ဟင့်အင်း မဟုတ်ပါဘူး...တကယ်အိပ်နေတာပါ..."

"အဲ့တာဆို...ဒီစောင်ကိုဖယ်လိုက်မယ်နော်...."

"မလုပ်ပါနဲ့.."

"ဘာလို့လည်း....မနေ့ညကအကုန်မြင်ပြီးပြီပဲဥစ္စာ.... ပြပါ...ချယ် နေရောင်အောက်မှာကြည့်ချင်လို့ပါဆို...."

ဆူး နဲ့ ငယ်Where stories live. Discover now