Ep-(20)

594 47 0
                                    

ကိုယ့်ရဲ့ချယ်က လူအများကြွေချင်စရာဖြစ်နေတော့ သူ့ဘေးနားအီစီကလီလုပ်ချင်တဲ့ကောင်မလေးတွေလည်းရှိနေနိုင်တာပဲလေ....ကျိန်းသေပေါက် ကိုယ့်လောက်တော့ချယ့်ကိုဘယ်သူမှမချစ်နိုင်ပင်မဲ့လည်းပေါ့....ချယ်ကကော ဒီအမှန်တရားကိုသိနေရဲ့လား...?မဟုတ်ဘူး...သိသေးရဲ့လား...ငယ်...?

"မ အလုပ်ကိစ္စပြောပြီးသွားပြီလား...?"

"အင်း.."

"ဒါဆို ချယ်တို့အလုပ်ဆင်းရအောင် မ လည်းပင်ပန်းလို့နားချင်နေပြီမဟုတ်လား....?"

"ဟာ ဒီနေ့ မမချယ်ကအစောကြီးပြန်မှာပေါ့ ဆောင်း က မမချယ် နဲ့အတူတူပြန်ချင်တာကို...မတတ်နိုင်ဘူး..အဲ့တာဆိုလည်း အဆောင်ရောက်မှတွေ့တာပေါ့..."

ဟင် ကိုယ့် ချယ်‌လေးကိုများပျစ်ချွဲပြီးခေါ်နေတာ ...ပြီတော့ အတူတူပြန်မယ် အဆောင်မှာတွေ့မယ်...ဘာတွေလည်းချယ်...?ချယ် တကယ်ပဲ ဒီကလေးမလေးကိုများ ကိုယ့်ရဲ့အချိန်တွေကိုပါဖဲ့ပေးနေတာလားဟင်.....?
မရဘူးနော် ချယ်.. ချယ်ကကိုယ့်အပိုင်... ကိုယ်တစ်ယောက်တည်းပဲပိုင်ဆိုင်ချင်တာ...တခြားဘယ်သူ့ကိုမှ ‌ဝေမျှမပေးနိုင်ဘူး.....။

"ဆောင်းမေ နှုတ်ဆက်လိုက်ဦး ဒီမမနာမ်မည်က ကင်မ်ချူးလို့ခေါ်တယ်...ရုံးချုပ်ကလာတာ....ချူး ဒီကလေးနာမ်မည်က ဆောင်းနှင်းမေ တဲ့ ရှေ့လကမှဝင်လာတဲ့အလုပ်သင်အသစ်လေးပေါ့...."

"တွေ့ရတာ ဝမ်းသာပါတယ် မမချူး..."

"တွေ့ရတာဝမ်းသာပါတယ်ကွယ်..."

"မ ချယ်တို့ သွားကြမလား....?"

သိပ်ကိုသွေးအေးလွန်းတယ်ချယ်....ကိုယ်က ရုံးချုပ်ကလာတဲ့ ဝန်ထမ်းတစ်ယောက်အပြင် မပိုဘူးလား...?ကိုယ်တို့နှစ်ယောက်ကချစ်သူတွေလေ....ကိုယ်ရောက်လာရင် ချယ် သိပ်ပျော်သွားမယ်လို့ထင်ခဲ့တာ...ခုများတော့ ဝဋ်‌ကျေတန်းကျေပြုံးပြယုံပဲလား... စကားပြောယုံပဲလား...?ကိုယ်နဲ့ဝေးတဲ့အချိန်အတွင်းမှာ သိပ်ကိုပြောင်းလဲသွားပြီလား..?

"ချယ့် အလုပ်တွေမပြီးရင်လည်းနေပါ ချူး တစ်ယောက်တည်းသွားလို့ရပါတယ်....ချယ့်ကိုအနှောင့်အယှက်ဖြစ်နေမှာစိုးတယ်...."

ဆူး နဲ့ ငယ်Where stories live. Discover now