Ep-(6)

818 71 0
                                    

ဘယ်လိုရည်ရွယ်ချက်နဲ့ နှုတ်ခမ်းချင်းထိတာတောင်မတောင်းပန်နိုင်ဘူးလို့ ချယ် ပြောလဲဆိုတာ ကျွန်မနားမလည်နိုင်ဘူး ဒါပင်မဲ့ ချယ်ဆိုတဲ့ကောင်မလေးရဲ့ ပဟေဠိတွေကကျွန်မကိုရင်ခုန်စေတယ် တကယ်ပဲသူ့ရဲ့ပဟေဠိကိုရင်ခုန်တာလား သူ့ကိုရင်ခုန်တာလား ဝေခွဲမရပင်မဲ့ ဒီအခိုက်အတန့်လေးကို ကျွန်မမြတ်နိုးနေမိတယ် ချယ်ရဲ့နှုတ်ခမ်းဖူး‌လေးကိုလည်း တပ်မက်နေမိတယ်' တော်ပြီ မိချူး ‌နင်ဘာတွေလျှောက်တွေးနေတာလဲ နင်ကနဂိုတည်းက အဲ့လိုလူမျိုးလား မဟုတ်ဘူးမလား နှာဘူးအတွေးတွေကိုအမြန်ဘရိတ်အုပ်လိုက်ပြီး ခုံတန်းလေးကထထွက်လာခဲ့တယ် ဒီခုံတန်းလေးကတော့ ကျွန်မဘ၀ရဲ့အမှတ်တရတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့နေပါပြီ။

"ဟယ်လို နီနီ နင်အခုဘယ်မှာလဲ "
"ငါအခု ငါ့ကောင်မလေးနဲ့dateနေတယ်"

"ဘာ နင်ဘယ်တုန်းက ရည်းစားရသွားတာလဲ
ခနနေပါဦး ကောင်မလေးးးးဟုတ်လား"

"အင်း ကောင်မလေး ဘာလို့လဲ ငါချစ်တဲ့သူကကောင်မလေးလည်းဖြစ်နိုင်တာပဲလေ"

"နင်နဲ့မတူလို့ ထားပါ ခုငါနင့်ကိုတွေ့ချင်တယ် ပြောစရာလည်းရှိလို့"

"အဲ့တာဆိုအတော်ပဲ ဟန်နီနဲ့မိတ်ဆက်ပေးမယ် နင်ရုပ်ရှင်ရုံရှေ့က ကော်ဖီဆိုင်ကိုလာခဲ့လေ ရတယ်မလား"

"အင်း ငါလာခဲ့မယ်"

။။။။။။။။။။။။။
နင်ရူးနေပြီလား ချယ် ဒီလိုလုပ်လိုက်ရင် ချူးကနင့်ကိုကြွေသွားမယ်များထင်နေလား ခုဘယ်လိုလုပ်ရမလဲ ချူးနဲ့ဒီ့ထပ်ပိုဝေးသွားပြီထင်ရဲ့ ချယ် နင်ကအရူးပဲ
ကျွန်မတစ်သက်လုံးမှာ မိုးဆိုတဲ့ ‌မ တစ်ယောက်ကိုပဲ ချစ်ခဲ့တာ သို့ပင်မဲ့ မိုးကတော့ကျွန်မချစ်သလိုပြန်မချစ်ပါဘူး သူလိုအပ်မှဖုန်းခေါ်ပြီး ပစ်ထားတဲ့အချိန်ကများတယ် ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ပရောပရီခနခနလုပ်တယ် အပျော်တွဲတာတွေလည်းများတယ် ထားပါ ဒါတွေကိုသည်းခံနိုင်ပါတယ် တကယ်တော့ သူ့အကျင့်တွေကိုသည်းခံနိုင်တယ်လို့ထင်ခဲ့တာပါ ကြာလာတော့လည်း ကျွန်မအတွက်နေရာ မိုးရင်ခွင်မှာမရှိမှန်းသိလိုက်တယ် ဘာပဲဖြစ်ဖြစ်တစ်ချိန်ချိန်မှာလွှတ်ပေးရမှာလို့တွေးထားတာပါ ကျွန်မရဲ့ဖြစ်တည်မှုကျွန်မရဲ့နေရာ ပျောက်ဆုံးနေတဲ့အချိန်မှာ ကျွန်မကိုသတိထားမိခဲ့တဲ့ ချူးး သူမရဲ့မျက်လုံးလေးတွေထဲမှာ ကျွန်မနဲ့ပတ်သက်ပြီးသိချင်စိတ်တွေဘယ်လောက်များနေလဲဆိုတာ မြင်နေရတယ် အရပ်လေးကရင်ခွင်မှီအရပ်လေး လူသေးသေးလေးချစ်စရာ‌လေးမို့လားမသိ သူမအပေါ်ဆိုကျွန်မစိတ်ရှည်နေမိတယ် သူ့မကိုချစ်ကြည့်ချင်တယ် မဟုတ်ဘူး ချစ်မိနေပြီ သူမနဲ့နီးစပ်ဖို့ကိုပဲတွေးနေမိပင်မဲ့ ကျွန်မရဲ့လုပ်ရက်တွေက သူမနဲ့ဝေးဖို့များ‌ဖြစ်နေမလား ဪ ချူးရယ် ဘယ်လိုကြိုးစားရင် မင်းရဲ့ဘေးနားမှာရှိခွင့်ရပြီး မင်းရဲ့လက်ကလေးကိုဆုပ်ကိုင်ခွင့်ရပါ့မလဲ.......အလုပ်တွေသာဆက်တိုက်လုပ်နေရတာ အတွေးတွေထဲမှာတော့ချူးကိုပဲသတိရနေတယ် မနက်ဖြန်အတန်းတက်ပြီး ချူးကို ခိုးကြည့်ဖို့ပဲ စိတ်ထဲမှာရှိတယ် ခိုးကြည့်ရုံနဲ့လည်း‌ကျေနပ်ပါတယ်လေ။

ဆူး နဲ့ ငယ်Where stories live. Discover now