Ep-(21)

589 51 1
                                    

"ဟင် မမချူးလည်းရှိနေတာပါလား....?"

"အင်း... ဆောင်းဘာဖြစ်လို့လည်း အိမ်မပျော်ပြန်ဘူးလား...?"

"အိပ်ဆေးနှစ်လုံးတောင်သောက်ပြီးသွားပြီ အိပ်လို့လုံးဝမရတာနဲ့ မမချယ်ဆီလာခဲ့လိုက်တာ...မမချူးရှိနေမယ်လို့မထင်ထားဘူး.. ဆောင်းက အနှောင့်အယှက်များဖြစ်သွားလားဟင်....?"

"မဖြစ်ပါဘူး...လာပါ ဆောင်းနှင်းမေ..."

"မမချူးလည်း..မမချယ်ခေါ်သလိုပဲ ဆောင်းလို့ခေါ်ပေါ့...နာမ်မည်အပြည့်ခေါ်တော့စိမ်းသလိုကြီး..."

"တို့ကဒီနေ့မှတွေ့ကြတာလေ..ဒါပင်မဲ့ ချယ်ခေါ်သလို လိုက်ခေါ်ဖို့လည်းအပန်းမကြီးပါဘူး...."

"ချူးက ခရီးပန်းလာတာမို့ အနားယူမှဖြစ်မယ် နောက်နေ့မှ စကားပြောတော့ ဆောင်းရေ...."

ချယ်က ကျွန်မရဲ့အရိပ်အခြေကိုသိနေတယ်လေ...ဒါကြောင့်မို့ ကောင်မလေးနဲ့ကျွန်မကို ခွဲထားဖို့ကြိုးစားနေတာပေါ့....ကျွန်မကလည်း စိတ်ဆုံးဖြတ်ပြီးသားပါ...ချယ့်ကိုကျွန်မပိုင်ကြောင်းဆိုင်ကြောင်း ကလေးမ သိစေရမယ်လို့.....။

"အင်း မ ပင်ပန်းနေပြီ လာ ချယ် အိပ်ကြရအောင်..."

"ဟင် မမချယ်က မမချူးနဲ့အတူတူအိပ်မှာလား....?"

"ဒါပေါ့ ဆောင်းနှင်းမေ အဲလေ... ဆောင်းရဲ့ တို့နှစ်ယောက်ကချစ်သူတွေလေ တူတူအိပ်ရမှာပေါ့...."

"ဟင် မမချယ်မှာ ချစ်သူရှိတာလား...?ဆောင်းကမသိခဲ့ဘူး..."

ခုသိပြီမဟုတ်လား...?လစ်လိုက်တော့ကလေးမလေးရေ ......။

"အင်း ချူးနဲ့တွဲနေတာကြာပြီ သုံးနှစ်ကျော်လောက်ပြီပေါ့ ဟုတ်လား မ....?"

"အင်း...အဲ့လောက်ဖြစ်မယ်ထင်တယ်....."

"ထားပါ ရည်းစားတွေချစ်သူတွေက.....ဒါဆို ဒီနေ့ ဆောင်းက မမချယ်နဲ့အတူအိပ်လို့မရဘူးပေါ့....."

ချစ်သူ‌တွေပါလို့ပြောထားရက်နဲ့ သူကတို့ချယ်နဲ့အတူအိပ်ချင်သေးတယ်...ဘယ်လိုကလေးပါလိမ့်.....။

"အင်း ဒီနေ့တော့မရဘူးထင်တယ် ...."

"အင်းပါလေ မမချူးပြန်သွားမှ လာခဲ့တော့မယ်...ဒီညတော့ကိုယ့်အိပ်ယာကိုပဲပြန်ရတော့မှာပေါ့...."

ဆူး နဲ့ ငယ်Where stories live. Discover now