"အဟမ်း အဟမ်း"
နောက်ကနေရောက်လာတဲ့နီနီတို့အတွဲက အသံပေးလိုက်မှ ကျွန်မလည်းအသိပြန်၀င်လာတော့တယ်....။
"ဘာလဲ ဘာလဲ ဒီမှာလာပြီးdramaရိုက်နေကြတာလား နှစ်ယောက်သား"
"ဘာတဲ့ dramaရိုက်တယ်ဆိုတာ နင်တို့ကိုပြောရမှာနော် ပိုပိုကာပယ် ကများ"
"အာ့ဆိုလည်းလုပ်လက်စလေးခနရပ်ဦး မုန့်စားရအောင် ငါ့liliလေးကဗိုက်ဆာနေပြီတဲ့"
"ဘာ ဘာလဲ ငါတို့ဘာလုပ်လို့လဲ စားစရာရှိတာလာစား"
။။။။။။။။။။။
ဒီနေ့ချူးရှက်နေတဲ့ပုံကိုပထမဆုံးမြင်ဖူးတာပဲ မမြင်ဖူးတဲ့ပုံစံပင်မဲ့ အစိမ်းသက်သက်တော့ ဖြစ်မနေဘူး ချစ်ဖို့ကောင်းနေလေရဲ့ ဒီလိုမျိုး ချူးရဲ့ပုံစံအသစ်လေးတွေကိုနေ့တိုင်းမြင်ရဖို့က ကျွန်မရဲ့မျှော်လင့်ချက်လေးဖြစ်လာတယ်......။ကလင်...ကလင်...ကလင်... ကလင်..
"ဟယ်လို"
"..........."
"အင်း သိပြီ အခုလာခဲ့မယ်"
"မ ဘယ်လိုလုပ်ရမလဲ ခု ငယ်သွားမှရတော့မယ် ဖြေးဖြေးလည်နော် သွားနှင့်ပြီ နောက်မှတွေ့မယ်"
ဘာတဲ့ လာတုန်းကအတူတူလာပြီး ပြန်တော့ကိုယ့်ကိုထားခဲ့ပြီး သူအရင်ပြန်သွားတာ ဒီလေထုကြီးကထူးဆန်းတယ် ငါတို့ကတွဲနေပြီလား မတွဲသေးဘူးလား ဒီလိုလုပ်မယ်ဆို ဘာလို့ နမ်းနေသေးလည်း တကယ်ပဲလူကိုဝေခွဲမရအောင်လုပ်တယ်.......။
"ဟဲ့ ဟဲ့ နင့်ကလေးက ဘာဖြစ်တာလည်း?"
"ငါလည်းမသိပါဘူး ဖုန်းခေါ်လို့ထသွားတာ အလုပ်ကိစ္စပဲနေမှာပေါ့ လူကိုကျပစ်ထားခဲ့တယ်"
"ဘာလဲ ဘာလဲ ခု ငါတို့ရဲ့ချူးလေးက စိတ် ကောက်နေတာလား ?"
"စိတ်အခြေအနေသိပ်ကောင်းတာမဟုတ်ဘူးနော် မစနဲ့ နီနီ"
"အေးပါ ငါတို့လည်း ဒီနားတစ်ပတ်လောက်ပတ်လိုက်ဦးမယ် ကျန်ခဲ့တဲ့သူကြီးကတော့ တစ်ယောက်တည်းထိုင်စောင့်နေဦးပေါ့ ဟီးဟီး"
"ဝါးးး ဒီအရူးမ နင်ပြောစရာကုန်ပြီလား ကုန်ရင်မြန်မြန်သွားတော့"
YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...