Ep-(16)

637 46 1
                                    

"အခုပြောပြတော့မလား....?မနေ့က ဖေဖေနဲ့ချယ်နှစ်‌ယောက်တည်းပြောခဲ့တဲ့အ‌ကြောင်းတွေ........"

"အွန်းး ချူးရဲ့အဖေက ချယ်တို့အနာဂတ်အတွက်စဉ်းစားသင့်ပြီလို့ ခေါ်ပြောတာပါ.."

"အဲ့တော့...ချယ်က ဘာပြန်ပြောလိုက်လဲ...?"

"ဦး စီစဉ်တဲ့အတိုင်းပဲ နာခံပါ့မယ်လို့ပြောခဲ့တာပေါ့...တခြားဘာပြောနိုင်လို့လဲ...?"

"ဖေဖေက ဘယ်လိုစီစဉ်ထားတယ်တဲ့လဲ...?"

"ချယ့်ကို နိုင်ငံခြားမှာ ကျောင်းသွားတတ်ဖို့ပြောတယ် ပြီးရင်လည်း အဲ့မှာရှိတဲ့ ဦးရဲ့ကုမ္ပဏီမှာ သုံးနှစ်အလုပ်ဝင်လုပ်ဖို့ပြောတယ်...ပြန်လာတော့မှ...ဒီမှာရှိတဲ့ကုမ္ပဏီမှာ ချူးနဲ့အတူတူအလုပ်လုပ်ဖို့ပြောတယ်...."

"ချယ်က တကယ်ပဲအဲ့အစီစဉ်ကိုလက်ခံလိုက်တာလား....🥺?"

"အင်း...အဲ့လိုမှမဟုတ်ရင်..ချယ်အတိတ်ထဲမှာပဲ ပိတ်မိနေမယ် ထင်တယ်....အဲ့ကိုသွားပြီး ပြန်လာရင် ချူးရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်နိုင်တဲ့သူဖြစ်လာမယ်ထင်တယ်...."

"ဟိုလေ....ဖေဖေက ချယ်ရဲ့အကြောင်းတွေကို အကုန်သိနေတယ်တဲ့လား....?"

"အင်း ဟုတ်လောက်မယ်....တိုက်ရိုက်တော့မပြောပင်မဲ့လည်းပေါ့....ချယ်ဆိုလည်းအဲ့လိုပဲဆုံးဖြတ်မိမှာပါ...ကိုယ်သိပ်ချစ်ရတဲ့သမီးလေးကို နေ့တိုင်းသတ်ပုတ်ပြေးလွှားနေရတဲ့သူ လက်ထဲဘယ်ထည့်ချင်ပါ့မလဲ...အဲ့တာကြောင့် ချယ်ကလုံးဝပြောင်းလဲမှရမယ် မရဲ့ဘေးမှာရပ်နိုင်ဖို့ဆို...."

"ချူးက ငယ့်ကိုဒီတိုင်းလေးသဘောကျတာကို....ချူး ငယ်နဲ့မခွဲနိုင်ဘူး ငယ်..အဲ့ကိုမသွားပဲနဲ့...ဒီမှာပဲ ချူးနဲ့အတူတူကြိုးစားကြမယ်လေ....အဲ့လိုမရဘူးလားဟင်.....?"

"မရဘူး....သွားလိုက်တာပိုကောင်းမယ်....ဒီကအတိတ်ဆိုးတွေနဲ့လည်း ရေစက်ဖြတ်ရဦးမယ်မဟုတ်လား...?"

"အင်း....ပါ....သိပြီ..."

မ မျက်ရည်တွေဝဲနေပြီး ဘာမှဆက်မပြောတော့ပါ...မရဲ့ခံစားချက်ကိုနားလည်ပင်မဲ့....ကျိန်းသေပေါက်ဒီလိုလုပ်ရမယ်....ဒါမှ ချူးကိုမျက်နှာမငယ်အောင်ထားနိုင်မှာမလား.....? စတိုးဆိုင်က ထွက်လာပြီးကျောင်းရောက်တဲ့အထိ ဘာစကားတစ်ခွန်းမှမပြောပဲ နောက်ကလိုက်စီးလာတယ် ...စကားသာမပြောတာ ခါးကိုဖက်ထားတာတော့မလွှတ်ဘူး...မ လည်းအတွေးတွေများနေမှာပေါ့.....မကိုလည်း    အတင်းမတိုက်တွန်းပဲစဉ်းစားဖို့အချိန်ပေးရမယ်မဟုတ်လား...?

ဆူး နဲ့ ငယ်Where stories live. Discover now