Ep-(3)

1K 88 0
                                    

ကလင် ကလင် ကလင်........

ကလင် ကလင် ကလင်.........
မနက်အစောကြီးဖုန်းလာလို့ ကြည့်လိုက်တော့ နီနီ

"ဟုတ်ကဲ့ မမလေးနီ ပြောပါရှင့်"

"ချူးရေ မနောက်နဲ့ ငါအတည်ပြောမလို့"

"ပြော ဘာဖြစ်တာလဲ"

"ငါအခုဘယ်မှာလဲသိလား"

"နင်ဘယ်မှာလဲ အခု"

"ငါအခု ငါ့အိမ်မှာ "

"နီနီ နင်ငါ့ကို အစောကြီး လာနောက်နေတာလား"

"နောက်နေတာမဟုတ်ဘူး ချူး ငါဘယ်လိုအိမ်ပြန်ရောက်လာလဲ ငါမသိဘူး ငါတော့အမေ့ကိုဘာပြန်ပြောရမလဲ အောက်ထပ်မှာအမေကဒေါသ‌ထွက်ပြီးစောင့်နေပြီလား မသိဘူး ချူးးးရေ ငါ့ကိုကယ်ပါ"

"ငါကဘာများလဲလို့ လုပ်တုန်းကလုပ်ပြီးမှတော့ နင့်ထိုက်နဲ့ နင့်ကံပဲလေ"

"ချူးရေ ငါသေရင် ငါ့အတွက်ကုသိုလ်လေးလုပ် အမျှလေးဝေပေးနော် ချစ်သူငယ်ချင်လေး"

"တော်ပြီ အပိုတွေပြောမနေနဲ့ နင်တကယ်မမှတ်မိတာလား နင့်ကိုအိမ်လိုက်ပို့တာ ငါလေ"
"တကယ် နင် တကယ်ပြောတာလား"

"အေး နင့်အမေကိုလည်းပြောခဲ့တယ် ကျောင်းသားတွေ့စုံပွဲရှိလို့ အတင်းတိုက်လို့ နင်မူးပါတယ်ဆိုပြီး လိမ်ခဲ့ရတာ"

"အားး တော်သေးတာပေါ့ ချစ်လိုက်တာ ချူးရာ အခုတော့ငါအသက်ရှင်ပြီ အောက်ဆင်းပြီး အမေ့ကိုသွားချွဲလိုက်ဦးမယ် ကျောင်းရောက်မှတွေ့မယ် ဘိုင့်"

ပြောချင်ရာ ပြောပြီး ဖုန်းချသွားပြန်ပြီ ဒီကလေးမကတော့လေ

..........
ကျောင်းရောက်တော့ အတန်းထဲမှာ ချယ့် ကို လိုက်ရှာပင်မဲ့မတွေ့ဘူး ကန်တင်းမှာများရှိမလားဆိုပြီး လိုက်ရှာလည်းမတွေ့ဘူး အဲ့တော့ နောက်ဆုံးမျှော်လင့်ချက်လေး စာကြည့်တိုက်ဆီကိုပြေးရတော့တာပေါ့ အဲ့မှာတော့သူ့ကိုတွေ့ပါစေလို့ဆုတောင်းရင်းပေါ့ ကျွန်မ‌ကနဂိုတည်းက သိချင်စိတ်များပင်မဲ့ ခု ချယ် ဆိုတဲ့ကောင်မလေးကိုမှ ပိုပြီးသိချင်စိတ်ဖြစ်မိတယ် သိချင်တာလားခင်ချင်တာလား မသဲကွဲပင်မဲ့ ကျွန်မရဲ့‌ခြေလှမ်းတွေကတော့ သူ့ဆီဦးတည်နေဆဲ.......

ဆူး နဲ့ ငယ်Where stories live. Discover now