Ep-(24)

631 52 0
                                    

"မောသွားပြီလား မ.....?"

"အင်း.....အသက်ရှူလို့မဝတော့ဘူး....ငယ်ကော မောနေပြီလား...?"

"မဖြစ်သေးပါဘူး....လေ့ကျင့်ခန်းလေးဘာလေးလုပ်ပါဦး မရယ်..... ချယ်က အခုထိအကောင်းတိုင်းရှိသေးတယ်....နောက်တကျော့‌စလိုက်ရမလား...?"

"တော်ပါတော့ ငယ်လေးရယ်...အချိန်ကိုလည်းကြည့်ဦး....ပြီးတော့ မ မခံနိုင်တော့ဘူး....."

"ဟားဟား.....ကိုယ့်ချူးလေးကလည်း နုလိုက်တာကွာ...အင်းပါ...မနက်ပြန်ရမှာဆိုတော့...ဒီနေ့တော့ ဒီလောက်ပဲ...ချယ်က ကြမ်းသွားရင် တောင်းပန်ပါတယ်....ဒါတွေအားလုံးက မ ကိုသိပ်ချစ်လို့ဆိုတာသိတယ်မဟုတ်လား.....?"

"သိပါတယ်ရှင့်....ငယ် မနဲ့ဒီလိုနေရတာကြိုက်လား....?"

"အင်း အရမ်းကြိုက်တယ်....."

"မိုးနဲ့တုန်းကကော ......."

"ဟာ....မ ကလည်း သူ့အကြောင်းမပြောစမ်းပါနဲ့...ပျော်နေတဲ့အပျော်ပျက်အောင်....ပြီးတော့ သူနဲ့ဒီလိုအဆင့်ထိတောင်မရောက်လိုက်ဘူး....ချယ် သူ့အကြောင်းသိတယ် သူက ချယ်တစ်ယောက်နဲ့တင်းတိမ်မှာမဟုတ်ဘူး.....အဲ့တော့ ဘာလို့ချယ့်အချစ်တွေကို သူ့ကိုပုံအပ်ရမှာလဲ....?"

"ဒါပင်မဲ့လည်း သူ့ကြောင့် မ က ငယ့်ရည်းစားအဖြစ်ဟန်ဆောင်ရင်းတကယ်ဖြစ်သွားတာလေ....အဲ့တစ်ခုတော့ သူ့ကိုကျေးဇူးတင်ပါတယ်...."

"အင်း အဲ့တာတော့ဟုတ်တယ်...အဲ့တုန်းကရှက်သွားတဲ့ မ ရဲ့ပုံစံလေးကိုတောင်ပြန်မြင်ယောင်လာပြီ...."

"တော်ပါ.....ငယ်....မ ငယ့်ကိုစိတ်ချမယ်နော်....."

"ဟင် အခုထိ မ ကငယ့်ကိုစိတ်မချသေးဘူးလား...?"

"ဟို ဘေးအိမ်........"

"တော်ပါ မရယ် ငယ်သိပါတယ်....ငယ့်ကိုစိတ်ချပါ ဟုတ်ပြီလား.....?"

ကိုယ့်စကားကိုဆုံးအောင်တောင်မစောင့်ပဲ ပြန်ဖြေတဲ့ ငယ်.....ဟုတ်တော့လည်း ဟုတ်သား..တို့နှစ်ယောက်ကြားမှာစကားလုံးတွေမှမလိုတော့ပဲ.....ဒီအတိုင်း မျက်နှာကိုကြည့်တာနဲ့တင် တစ်ယောက်ရဲ့အတွေးတွေကိုတစ်ယောက်သိလောက်တဲ့အထိ....တို့နှစ်ယောက်နီးစပ်ခဲ့ကြပြီးပြီလေ...........။

ဆူး နဲ့ ငယ်Where stories live. Discover now