Ep-(22)

605 52 0
                                    

ရန်မဖြစ်ချင်တော့ဘူးဆိုပြီး အိပ်ခန်းထဲကနေဒေါသတကြီးထွက်သွားတာ တံခါးကိုလည်းဆောင့်ပြီးပိတ်သွားသေးတယ် ချယ် ဒေါသထွက်နေတာသိတယ်...အဲ့ကောင်မလေးနဲ့ပတ်သက်ပြီးတော့ဒေါသထွက်နေမှန်းသိလို့ကို ကိုယ်က ပိုပြီးဒေါသထွက်တယ်....သူ့နောက်ကိုလိုက်ခေါ်မနေတော့ဘူး....သူ့ဘာသူဘယ်နေရာအိပ်အိပ် ...ကိုယ်လည်းအိပ်ယာပေါ်မှာ အတင်းမျက်လုံးမှိတ်ပြီး အိပ်ပျော်ဖို့ကြိုးစားနေလိုက်တယ်....အတွေးတွေထဲမှာတော့ ချယ်နဲ့ဟိုကလေးမရဲ့ပုံရိပ်တွေ... ကိုယ်မရှိတဲ့အချိန်နှစ်ယောက်သားဘယ်လောက်တောင်များကြည်နူးနေခဲ့ကြမလဲ.....တကယ်ပဲ အနှောင့်အယှက်ဖြစ်လွန်းတယ်.......။

။။။။။။။။။။။။။။။။။။။။

ဘယ်လောက်ပဲအိပ်ပျော်အောင်ကြိုးစားကြိုးစား...အိပ်လို့မရပါဘူး...‌ဒေါသထွက်နေပင်မဲ့လည်း ငယ့်ကိုစိတ်ပူတယ်...ဆိုဖာပေါ်မှာစောင်မပါပဲနဲ့အိပ်နေမှာ...မူးကလည်းမူးနေတော့ အေးမှန်းတောင်သိမှာမဟုတ်ဘူး ဒီအတိုင်းဆို မဖြစ်သေးပါဘူး.........မနေနိုင်တာနဲ့ အိပ်ယာကထပြီး ငယ့်ဆီကိုသာ............။

"ငယ် ဒီမှာမအိပ်နဲ့တော့ အထဲဝင်အိပ် ဒီလောက်အေးနေတာကို.."

"ဟင်...."

အိပ်ချင်မူးတူးထလာပြီး မျက်လုံးမဖွင့်ပင်မဲ့ အသံတော့ထွက်လာသေးတယ် အမူးကတော့မပြေတပြေထင်ပါ့....။

"ဒီမှာအေးတယ် အထဲကိုလာခဲ့...ငယ့် ကိုလည်းမချီနိုင်ဘူး ကိုယ့်ဘာကိုလမ်းလျှောက်လာမှရမှာ မျက်လုံးဖွင့်ဦး....."

"မ စိတ်ဆိုးပြေသွားပြီပေါ့...."

"အခုအဲ့တာကအရေးကြီးလား....?"

"အရေးကြီးတယ် မရဲ့ ချယ်တို့အတူတူရှိတဲ့အချိန်ကဘယ်လောက်တောင်နည်းပြီးတန်ဖိုးရှိလိုက်သလဲ...?ဒီလိုအခိုက်အတန့်ကိုရန်ဖြစ်ရင်းနဲ့မကုန်ဆုံးချင်ဘူးကွာ......"

"ဒါဆို ငယ်လည်း အနေထိုင်ဆင်ခြင်လေ...အဲ့တာဆို မ စိတ်ဆိုးစရာကိစ္စရှိပါဦးမလား....?"

"အင်း....ချယ်လည်းဆင်ခြင်ပါ့မယ်....မ လည်းအတတ်နိုင်ဆုံးနားလည်ပေးပါနော်......."

ဆူး နဲ့ ငယ်Where stories live. Discover now