"မ ကိုအချိန်ပေးစေချင်တယ် ငယ်....မ လည်း ကိုယ့်ကိုယ်ကို မသိတော့ဘူး......"
"ဒီကိုလာပါဦး...ချယ့်ဘေးမှာလာထိုင်....."
သူ့ဘေးနားကို လက်နဲ့ပုတ်ပြပြီး လာထိုင်ဖို့ကိုယ့်ကိုခေါ်တယ် မဖြေရှင်းလို့မရတဲ့ကိစ္စမို့ ဒီနေ့ညတော့ သူနဲ့အချေအတင်ဖြစ်ရဦးမယ်ထင်ပါရဲ့.............။
"မ ချယ့်ဘက်ကိုလှည့်ပါဦး ချယ့်မျက်လုံးကိုသေချာကြည့်...."
သူ့ဘေးနားမှာခေါင်းငိုက်စိုက်ပြီး ထိုင်နေတဲ့ကျွန်မကိုပခုံးကနေဆွဲလှည့်လိုက်ကာ...မျက်ဝန်းချင်းစုံအောင်ကြိုးစားနေရှာတဲ့ငယ်....ကျွန်မမျက်လုံးတွေကတော့ သူ့မျက်ဝန်းနဲ့ဝေးတဲ့နေရာတွေဆီကိုသာ လှည့်လည်နေတုန်း.......။
"မ ချယ့်ကိုကြည့်ပါ.....မ ...ချယ်တကယ်စိတ်ဆိုးတော့မှာနော်......."
စိတ်ဆိုးတော့မယ်သာပြောပင်မဲ့ သူ့စကားသံကတုန်ရီစွာ... ဝမ်းနည်းမှုတွေဆို့တက်လာတာကို ချုပ်ထိန်းပြီးတောင့်ခံနေသလို........။
"မ ချယ့်ကိုမချစ်ဘူးလားဟင်...?"
"ဘယ်လိုများမေးလိုက်တာလဲ ငယ်ရယ် ချစ်တာပေါ့..."
"မ ချယ့်ကိုမလိုချင်ဘူးလား....?"
"လိုလည်းလိုချင်တာပေါ့....ဒါပင်မဲ့........"
"ချယ်မေးတာပဲ ဖြေ ဘာမှဆက်မပြောနဲ့....."
"အွန်း...."
"ချယ့်ဘေးမှာကော ရှိမနေချင်ဘူးလား.....?"
"ရှိနေချင်တယ်....မ ဘေးမှာလည်း ငယ့်ကိုပဲရှိနေစေချင်တာ....."
"ဒါဆို ဘာလို့တခြားအဖြေတွေကိုလိုက်ရှာနေတာလည်း မရယ်......မ မှာအဖြေတွေအားလုံးရှိနေပြီးသားမဟုတ်လား....?"
"ဒီအဖြေတွေက တကယ်ပဲ မ တို့လိုအပ်နေတဲ့အဖြေတွေဟုတ်ရဲ့လား..ငယ်...?"
"တိကျတဲ့အဖြေတွေပဲ မ... ထပ်ပြီးဘာကိုမှစဉ်းစားမနေပါနဲ့တော့.....ချယ် လည်းထပ်ပြီးမစောင့်ချင်တော့ဘူး....မ ကိုတကယ်ပိုင်ဆိုင်ချင်နေပြီ....ဒါကြောင့် တွေဝေမနေပါနဲ့တော့ မရယ်....ချယ်တောင်းပန်ပါတယ်.... "
ချယ့်မျက်ဝန်းပေါ်မှာနေရာယူလာတဲ့ မျက်ရည်စလေးတွေဟာ အထိန်းကွပ်မဲ့ ပြိုကျစီးဆင်းလာတယ်...ကျွန်မတကယ်ပဲ မှားသွားပြီလား...?ကျွန်မစိတ်ချမ်းသာဖို့အတွက် ကိုယ်ချစ်ရသူရဲ့ နှလုံးသားကိုဒါဏ်ရာပေးမိသလိုများဖြစ်သွားပြီလား....?
YOU ARE READING
ဆူး နဲ့ ငယ်
Romanceလောကကြီးအကြောင်းဘာမှမသိတဲ့ချူး၊လောကကြီးထဲရဲ၀င့်စွာတစ်ယောက်ထဲကျင်လည်နေတဲ့ချယ်၊ နှစ်ယောက်ကြားထဲပေါက်ဖွားလာသောအချစ်....... အရာရာလွယ်ကူတယ်လို့ထင်တဲ့ချူး ချယ်နဲ့တွေ့မှအရာအားလုံးဟာအသစ်ဆန်းဖြစ်ပြီး ခက်ခဲစွာအချစ်ကိုဝန်ခံခဲ့ခြင်း............ ကြမ်းတမ်းတဲ့ပတ်ဝ...