Ep-(9)

692 68 0
                                    

တ‌စ်ဖြေးဖြေးချင်းချင်းနီးကပ်လာတဲ့ ချယ်ရဲ့နှုတ်ခမ်းလေး ဒီအတိုင်းမျက်လုံးမှိတ်ပြီး လက်ခံလိုက်ချင်ပင်မဲ့လည်း ကျွန်မတို့ကတကယ့်ချစ်သူတွေမှမဟုတ်ပဲ........ကျွန်မခေါင်းကို‌လှည့်ပြီးရှောင်လိုက်တယ် ချယ် ပြာယာခပ်သွားတာသိပင်မဲ့ ဘာတတ်နိုင်မှာလဲ....။

။။။။။။။။။။။။။။။။

မရဲ့ဘေးနားမှာအနီးကပ်ပူးကပ်ထိုင်နေရတာကိုကကျွန်မနှလုံးသားလေးမနိုင်ဝန်ထမ်းနေရသလိုပဲ အဆက် မပြတ် ခုန်နေတဲ့ရင်ခုန်သံရယ် မ နားကရေမွှေးနံ့သင်းသင်းလေးရယ် မရဲ့မျက်ဝန်းစိုစိုလေးရယ် ပြီးတော့ အပန်းရောင်သမ်းနေတဲ့မရဲ့ အသဲပုံနှုတ်ခမ်းလေး ဒီအကြောင်းပြချက်တွေကြောင့်ပဲလား မရဲ့နှုတ်ခမ်းပါးလေးနားကိုတိုးကပ်သွားမိတယ် ဘေးနားကဘယ်အရာကိုမှမမြင်တော့သလို ဘာကိုမှလည်းဂရုမစိုက်မိတော့ဘူး ခုချိန်မြင်နေတာ မရဲ့နှုတ်ခမ်းလေးတစ်စုံ...............သို့ပင်မဲ့လည်း မက တစ်ဖက်ကိုလှည့်ပြီးရှောင်သွားတယ် ဘာဆက်လုပ်ရမှန်းမသိ မျက်ရည်ကျချင်စိတ်တောင်ဖြစ်မိတယ် မရဲ့နှလုံးခုန်သံတွေကချယ်နဲ့ထပ်တူကျမနေဘူးထင်ရဲ့ ဖိအားတွေသုံးတဲ့အချစ်မျိုးကိုမလိုချင်ပင်မဲ့ မရဲ့အချစ်ကိုရဖို့ဆို ချယ် ကြိုးစားကြည့်ချင်ပါသေးတယ်.........။

"သွားရအောင် ချယ်"

"Omm"

ရုပ်ရှင်ရုံထဲကထွက်လာတည်းက ချယ်ကစကားလည်းမပြောဘူး သူ့ရဲ့အနမ်းကိုရှောင်တာ သူစိတ်မကောင်းဖြစ်သွားလို့များလား?

"ချယ် စိတ်ကောက်နေတာလား?"

"မဟုတ်ပါဘူး"

"ဒါဆိုဘာလို့စကားမပြောတာလည်း"

"မဟုတ်ပါဘူး မက ချယ်နဲ့လည်ရတာ အဆင်မပြေဖြစ်နေတာများလားလို့ တွေးမိလို့ပါ"

"ဘာလို့အဲ့လိုတွေးတာလည်း ခုနကထိချယ်လည်းပျော်နေပြီးတော့"

"အဲ့လိုမဟုတ်ဘူး ချယ်က............"

"ဪ ခုတော့ပေါ်တင်တွဲနေပြီပေါ့ ချယ်"

စကားပြောနေရင်း ချယ့်ကိုခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ရောက်လာတာက မိုး......။

ဆူး နဲ့ ငယ်Where stories live. Discover now