Ep-(29)

700 56 1
                                    

ကျွန်မမျက်လုံးတွေဖွင့်လိုက်တော့ ကျွန်မသိပ်ချစ်ရတဲ့ ချယ့်မျက်နှာလေးကိုမြင်ရတယ်....ဒါပင်မဲ့ ချယ့်မျက်နှာက နာကျင်မှုကိုဖော်ပြနေတယ်....။မဖြစ်ဘူး.....မဖြစ်ဘူးးး ချယ် ဘာမှမဖြစ်လိုက်ပါနဲ့....မဖြစ်ဘူး...ချယ် မျက်လုံးမမှိတ်လိုက်နဲ့...ကျေးဇူးပြုပြီး မျက်လုံးမမှိတ်လိုက်ပါနဲ့.....။ဘာလို့အဲ့လောက်တုံးရတာလဲ အရူးရဲ့ ဘာလို့လဲ.... ဘာလို့လဲ...?သေမယ်ဆိုတာသိတာတောင် ဘာလို့ ဓါးအောက်ကိုဝင်ရတာလဲ...?အရှိန်ပြင်းပြင်းနဲ့ လွှဲလိုက်တဲ့ငဇွဲဓါးချက်အောက်မှာ ချယ့်ရဲ့ကျောဘက်က သွေးတွေဟာဖြာထွက်လာရတယ်.... သူဝတ်ထားတဲ့ ရှပ်အင်္ကျီအဖြူလေးဟာ ရဲရဲနီလို့........။ကျေးဇူးပြုပြီး ထပ်မထွက်သွားပါနဲ့တော့ ချယ်...ချူးတစ်ယောက်တည်းဘယ်လိုနေရမှာလဲ...?

"ငယ် ငယ် ဟင့်အင်း...ဘာမှမဖြစ်ရဘူး....ငယ် ငယ်...."

"မ အဆင်ပြေရဲ့လား...?"

"အဆင်ပြေလားလို့ မေးရမှာ တို့လေ ငယ်ရဲ့.....အရူးလား....?ဘာလို့အဲ့လောက်တောင်တုံးရတာလဲ....?မဖြစ်ဘူး ငယ် ဘာမှမဖြစ်ရဘူး....ကျေးဇူးပြုပြီး...."

"ငါ့မြေးဘယ်မှာလဲ...?ဘယ်ကောင်ကငါ့မြေးကိုထိရဲရတာလဲ....?"

ရုတ်တရက် လူတွေအများကြီးရောက်ချလာပြီး ငဇွဲတို့အုပ်စုကိုဝိုင်းထားလိုက်တယ်....အသက်ကြီးကြီးအဖိုးတစ်ယောက်က သူ့မြေးကိုလာရှာတဲ့ပုံ....နေရာမှားလာတာလားမသိပင်မဲ့....ဒီအချိန်မှာတော့ ကျေးဇူးတင်မိတယ်....ချယ့်ကိုကယ်နိုင်ဖို့အခွင့်အရေးရလိုက်သလိုမို့............။

"ကယ်ပါဦး....ဒီမှာ ဒီမှာ ချယ့်ကိုကယ်ပေးပါဦး....ချယ်သွေးတွေအများကြီးထွက်နေပြီ....မြန်မြန်ကယ်ပေးကြပါဦး........"

"ချယ် ချယ် သမီးလေး....ဘာမှမဖြစ်ရဘူး ငါ့မြေးလေး ဟောဒိကသမီးရဲ့အဖိုးရောက်လာပြီလေ.... သမီးရဲ့......."

ချယ်ရဲ့အဖိုး...? ချယ်တစ်ခါမှတော့မပြောဖူးဘူး....ပြီးတော့ လူကုံတန်အသိုင်းအဝိုင်းကလိုပုံစံမျိုး.....အိုးးး ဘာမှစဉ်းစားမနေနိုင်ပါဘူး.... အရင်ဆုံး ချယ့်ကိုဆေးရုံပို့ဖို့က ဦးစားပေးမဟုတ်လား....?

"ချယ်....ချယ့်ကိုဆေးရုံပို့ပေးပါ...ကျေးဇူးပြုပြီး...မြန်မြန်ပို့ပေးကြပါ....တောင်းဆိုတာပါ....."

ဆူး နဲ့ ငယ်Where stories live. Discover now