Ep- (4)

858 85 0
                                    

ယုံကြည်မှုရှိစွာနဲ့ပြောပြီးထွက်သွားတဲ့ ချယ်ရဲ့ကျောပြင်ကို လှမ်းကြည့်နေခဲ့တာ ဘယ်လောက်ကြာသွားတယ်မသိ ဘေးနားမှာရှိ‌‌နေတဲ့နီနီတောင် အဝေးကြီးရောက်နေမှ ကျွန်မ မနည်းအမှီလိုက်ခဲ့ရတယ်

"နီနီငါ့ကိုစောင့်‌ဦးလေ နင်မလို့ငါ့ကိုထားပြီးထွက်သွားရက်တယ်နော်"

"နင့်ဘာနင်ကြောင်ပြီးရပ်နေတာကိုငါကဘယ်လိုလုပ်ပေးရမှာလဲ နင်အခုတလောဘာတွေဖြစ်နေတာလဲ စိတ်နဲ့လူနဲ့မကပ်သလိုပဲ"

နီနီပြောမှကျွန်မကိုကျွန်မဆန်းစစ်မိသည် ကျွန်မတကယ်ကို စိတ်နဲ့လူနဲ့မကပ်ပဲ အတွေးတွေပဲများနေတယ် အဲ့အတွေးတွေထဲမှာနေရာယူထားတာလည်း တခြားသူမဟုတ် ချယ်

"နီနီငါသိချင်တာရှိတယ်"

"မေး"

"လူတစ်ယောက်ကိုချစ်မိရင်ဘယ်လိုနေလဲ"

"ဘာပါလိမ့် အထူးအဆန်း နင် ကြိတ်crushနေတဲ့သူများရှိလို့လား"

"မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ ငါမေးတာသာဖြေပါဟ"

"အင်းးးး လူတစ်ယောက်ကိုချစ်ရင်.....ချစ်ရင်......ငါကတော့ သူ့ကိုအမြဲတွေ့ချင်ပြီး သူ့အနားမှာပဲနေချင်ပြီး သူ့အကြောင်းပဲတွေးနေမိတာမျိုး လို့ထင်တယ် ဒါကတော့အ‌ခြေခံပေါ့ နင်သိချင်ရင် ငါထပ်ပြောပြရမလား ပူအိုက်တဲ့ညတို့ ပြီးတော့......"

"တော်ပြီနီနီ ရပြီ ငါကဒီအတိုင်းပဲသိချင်တာပါ အခြေခံဆိုရပြီ"

"ဘာလဲချူး နင့်မျက်နှာဘာလို့အဲ့လောက်ရဲနေတာလဲ မဟုတ်မှ...….."

"ဘာ မဟုတ်မှလဲ ဘာမှမဟုတ်ဘူး ငါအရင်ပြန်တော့မယ် နင်လည်းအိမ်စောစောပြန် သွားပြီ"

နီနီနဲ့စကားစအမြန်ဖျက်ပြီးပြန်လာခဲ့ရတယ် မဟုတ်ရင် အစ ခံရတော့မှာ နီနီပြောတဲ့အချစ်က အဲ့လိုပုံစံမျိုးဆိုရင် ခုငါခံစားနေရတာကအချစ်တော့မဟုတ်လောက်ပါဘူး ဒီတိုင်းငါကအရင်ထဲက သိချင်စိတ်များတဲ့သူမလို့ပါ ဟုတ်တယ်မလား ချူး ပြီးတော့လည်း ချယ်က ကောင်မလေးလေ မဖြစ်နိုင်ပါဘူး ချူးနင်အသိစိတ်ကပ်ထားစမ်း နင်နဲ့မတူအောင်ဘယ်လိုတွေဖြစ်နေတာလည်း

ဆူး နဲ့ ငယ်Where stories live. Discover now