Ep-(27)

648 50 1
                                    

ကျွန်မသိပ်ကိုတောင့်တခဲ့တဲ့ မိသားစုဘဝလေးကို ချူးကပေးစွမ်းတယ် ချူးမိဘတွေကိုချစ်တယ် ပြီးတော့ ချူးကိုလည်းသိပ်ချစ်တယ်...ကျွန်မကြောင့် ချူးကိုနည်းနည်းလေးမှထိခိုက်ခံလို့မဖြစ်ဘူး.... ပြဿနာ‌တွေက ချူးဆီကိုရောက်မလာခင် အရင်ဆုံးရှင်းထုတ်ပစ်ရမယ်.....။ပြတ်ပြီလို့တွေးထင်ထားတဲ့ရေစက်ဆိုးတွေဆီကို ကျွန်မရဲ့ခြေလှမ်းတွေက ဦးတည်နေခဲ့ရတယ်......ကိုယ့်ဘဝရဲ့အတိတ်နေ့ရက်တွေမှာ သတ်ရင်းပုတ်ရင်းဒါဏ်ချက်များစွာနဲ့ကုန်ဆုံးခဲ့ရတဲ့ အဆောက်အအုံရဲ့ရှေ့မှာရပ်ရင်း....အတွေးပေါင်းများစွာ......ဒီအထဲကိုဝင်လိုက်တာနဲ့ကျွန်မရဲ့လက်ရှိပျော်ရွှင်မှုလေးတွေ တဆစ်ချိုးပြောင်းလဲသွားနိုင်မှန်းသာသိခဲ့ရင်..........။

"ဟာ ဘော်ဒါကြီး...ရောက်လာပြီလား..?မဝင်ပဲ ဘာရပ်ကြည့်နေတာလဲ....?ဘာလဲ...မလာတာကြာတော့ ဝင်ပေါက်ကိုတောင်မေ့နေပြီလား....?"

"တော်စမ်း ငဇွဲ...ငါစိတ်သိပ်ကြည်တာမဟုတ်ဘူးနော်........"

"အိုးးဟိုးး မပူပါနဲ့ မင်းအတွက်အထဲမှာsupriseရှိတယ်....မျှော်လင့်နေလို့ရတယ်နော်.....မင်းတွေ့လိုက်တာနဲ့ အရမ်းကိုလန့်သွားပြီး ခံစားချက်တွေ ဟိုဟိုဒီဒီရောထွေးကုန်မှာ ပျော်လိုက်ဝမ်းနည်းလိုက်နဲ့ ငါဘာပြောချင်လဲမင်းသိပါတယ်......"

"စကားတွေရှည်နေဦးမှာလား....?"

"come down.... ဘာလို့အဲ့လောက်တောင်စိတ်မရှည်ဖြစ်နေရတာလဲ...?မင်း ဟိုတစ်ယောက်..ဘယ်သူ....? ဪ ချူး....ချူးနဲ့သိပ်မပေါင်းနဲ့ကွ သူ့အကျင့်တွေမင်းကိုကူးကုန်မယ် ဟား..ဟား..ဟား...."

"ကဲ မင်းဒီလိုဆက်ရှည်နေရင် ငါပြန်တော့မယ်....."

"ဝိုးဝိုးးး နောင်တရမယ်ထင်တယ်.....ငါပြောတယ်နော်supriseရှိတယ်လို့....."

ရောက်လာပြီးမှ ဒီအတိုင်းပြန်သွားလို့ ဒီတစ်ခေါက်လည်း ရေစက်တွေမဖြတ်နိုင်ခဲ့ရင် မ ကိုဘယ်လိုမျက်နှာနဲ့လက်ထပ်ရမှာလဲ...?ထပ်ပြီးမတွေ့ချင်တော့တဲ့ မျက်နှာတွေပင်မဲ့ ဒီတစ်ခေါက်နောက်ဆုံးလို့တွေးပြီး ‌လေးလံနေတဲ့ခြေလှမ်းတွေက အဆောက်အအုံတွင်းသို့..........။

ဆူး နဲ့ ငယ်Where stories live. Discover now